နိုင်ငံစုံမှ မြေသြဇာတန်ချိန် နှစ်ထောင်ကျော်ဝင်

ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်တာကာလ အတွင်း မြေသြဇာ ၂၁၄၅ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ငါးသိန်းကိုးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တော့ နိုင်ငံစုံမှ မြေသြဇာများတင်သွင်းလာတာ တွေ့ရပါတယ်။ အစ္စရေးနိုင်ငံမှ မြေသြဇာ ၁၀၅ တန်၊ ထိုင်းနိုင်ငံမှ အာမိုမြေသြဇာတန်ချိန် ၁၂၀ နဲ့ ကောမတ်မြေ သြဇာတန် ချိန် ၂၅၀၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၅၀၀၊ ဘူဂေးရီး ယားနိုင်ငံမှ မြေသြဇာတန်ချိန် ၄၂၀၊ ရုရှားနိုင်ငံမှ ပိုတက်တန်ချိန် ၂၅၀၊ ဗီယက်နမ်နိုင်ငံမှ ယူရီးယားမြေသြဇာတန်ချိန် ၅၀၀ အသီးသီးမှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)

 
နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၆၀၀၀ ကျော်အသွင်းရှိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၅၆၅ သန်းတန်ဖိုး ရှိတဲ့ဓာတ်မြေသြဇာ ၁၆၀၂၅ တန်ကျော်ကို အောက်တိုဘာ ၂၄ ရက်မှ ၃၀ ရက် ထိကာလအတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုတွေ ကတော့ မူဆယ်မှ ၁၄၉၁၇ တန်ခန့်၊ ကော့သောင်းမှ ၂၉၅ တန်၊ မြဝတီမှ တန် ၂၅၀၊ မြိတ်မှ တန် ၃၅၀ နဲ့ ရိဒ်မှ ၂၁၂ တန်ကျော် အသီးသီးဖြစ်ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကိုကြည့်မယ်ဆိုလျှင် မူဆယ်မှ ယူရီးယား၊ တီစူပါ ဖော့ စဖိတ်၊ ကွန်ပေါင်း ၁၀း၁၀း၅၊ နိုက်တြစ်ဖော့စဖိတ်နဲ့ စင်ဂဲလ်စူပါဖော့စဖိတ်တို့ အများဆုံးတင်သွင်းခဲ့ပြီး မြိတ်မှ အမိုးနီးယမ်းဆာလ်ဖိတ်နဲ့ ရိဒ်မှ ယူရီးယား၊ ပိုတက်ရှ် တို့ဖြစ်ပါတယ်။ မူဆယ်မှာ ယူရီးယား ၁ တန်ကို ၃၈၂ ဒေါ်လာခန့်၊ ကွန်ပေါင်း ၁၀း၁၀း၅  တစ်တန်ကို ၂၆၂ ဒေါ်လာကျော်နဲ့ ၁၅ ပတ်လည်ကို ၄၆၄ ဒေါ်လာ ဝန်းကျင် ဈေးပေါက်လျက်ရှိပြီး ယခင်အပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။    MIRT (DOBT)
အပြောင်းအလဲမရှိဘဲ ဈေးကွက်ငြိမ်နေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ပုံမှန်အရောင်းရှိပေမဲ့လည်း ဈေးကငြိမ်နေဆဲပဲလို့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာအဝယ်လိုက် တဲ့မြေသြဇာက တီစူပါ ၄၆% ဖြစ်ပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး ကလည်း ယခင်တစ်ပတ်ဈေးအတိုင်း ပုလဲအသေး ၄၆%(ရွှေတုံး၊ရွှေပျား ၊ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၂၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၈၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၂၅၀၀ ကျပ်ဈေးနဲ့ ဈေး ကွက်အတွင်း အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာကအရောင်းအဝယ်ပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ပိုတက်မြေသြဇာမှလွဲပြီး ကျန်မြေ သြဇာများက ငါးရာကျပ်မှ တစ်ထောင်ဝန်းကျင်ကျလာတယ်လို့ ဆိုပါတယ်။ ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြားကမ္ဘာ-တရုတ်(၁၂း၁၃)(အပြာ) (အစိမ်း) က ၁၅၀၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၄၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၆၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၀၀၀ ကျပ်၊ ယူရီးယား- ပုလဲ(ပန်းဖူး-တရုတ်) ၂၀၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ (GTSP) ၂၂၅၀၀ ကျပ်၊ အောင် ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်နဲ့ ပိုတက် ၂၅၀၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက အရောင်းပုံမှန် ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ တစ်အိတ်ကို နှစ်ရာကျပ်မှ ငါးရာကျပ် အတွင်း ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက  ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၀၀၀ ကျပ်၊တီစူပါ (GTSP ၄၆%-တရုတ်) က ၂၀၅၀၀ ကျပ်၊  တီစူပါ (GSSP ၁၆%-တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၈၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၁၄၀၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာက ပုံမှန်အရောင်းရှိပေမဲ့ ဈေးက အတက် အကျမရှိ ငြိမ်နေတယ်လို့သိရပါတယ်။  ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက ယူရီးယား(နေရွက်လှေ၊ ရွှေတောင်) တရုတ်က ၁၉၅၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်) ၂၀၉၀၀ ကျပ်၊ ပိုတက်(ထိုင်း) ၃၅၀၀၀ ကျပ်၊ ပိုတက် (ကနေဒါ) ၂၄၅၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၄၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ထိုင်းး) ၃၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅းရး၁၈ ၃၃၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အမ်-တရုတ်) ၂၈၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လု့ိ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက  ပွဲတော်ချိန်ဖြစ်နေပြီး တောင်သူတွေ လည်း လုပ်ငန်းများခေတ္တရပ်နားနေ တာကြောင့် ဈေးကွက်ထဲမှာလည်း အရောင်း အဝယ်တွေငြိမ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ငြိမ်နေသ လို ဈေးက လည်း ငြိမ်နေတယ်။ ဒါကြောင့် ဈေးကွက်ထဲဈေးနှုန်းက အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။ ဒီတစ်ပတ်မြေသြဇာဈေးများမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ ပန်းဖူး၊ ရွှေတောင်)တရုတ် ၂၀၀၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်)က ၉၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၄၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၆၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀၀၀ ကျပ်၊ မြားကမ္ဘာက ၁၄၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။  MIRT (DOT)