ဆန်တန်ချိန် ၂ ဒသမ ၁ သန်းကြိတ်ခွဲနိုင်တဲ့ ဆန်စက်အလုံး ၁၀၀ ကို နိုက်ဂျီးရီးယားတည်ဆောက်မယ်
နိုက်ဂျီးရီးယားနိုင်ငံဟာ စက်စွမ်းအားပြည့်လည်ပတ်နိုင် စေဖို့နဲ့ အနာဂတ်မှာအခြားအာဖရိကနိုင်ငံများသ့ိုလည်း ဆန် တင်ပို့နိုင်စေဖို့ စုစုပေါင်း တန်ချိန် ၂ ဒသမ ၁ သန်း ကြိတ်ခွဲ နိုင်တဲ့ အကြီးစား ဆန်စက်အလုံး ၁၀၀ ကို ပုဂ္ဂလိက ကဏ္ဍမှ တည်ဆောက်မှာဖြစ်ကြောင်း၊ နိုက်ဂျီးရီးယားစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးမှ ထုတ်ဖော်ပြောကြားပါ တယ်။ နိုက်ဂျီးရီးယားနိုင်ငံရဲ့ ဆန်စက်များကို နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးအနေနဲ့ စက်စွမ်း အားပြည့်ရရှိဖို့ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ပြီး၊ ကျန်တဲ့ အနောက်အာဖရိကကိုလည်း ဆန်တင်ပို့နိုင်တော့မှာ ဖြစ် ကြောင်း ပြောကြားပါတယ်။
လွန်ခဲ့တဲ့နှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍဟာ စုစုပေါင်း တန်ချိန် ၂၄၀၀၀၀ ကြိတ်ခွဲနိုင်တဲ့ ဆန်စက်သစ် ၁၃ လုံး ကိုလည်းတည်ဆောက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နိုက် ဂျီးရီးယားနိုင်ငံဟာ ကမ္ဘာ့ဆန် ထိပ်တန်းတင်သွင်းသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ ၂၀၁၅ မှာ ပြည်တွင်းဆန်ဖူလုံဖို့ ရည်မှန်းကာ ၃ နှစ်အတွင်း ဆန်ထုတ်လုပ်မှု ၂ ဆတိုးဖို့ ဆောင်ရွက်နေ ပါတယ်။ နှစ်စဉ်ဆန်တန်ချိန် ၂ ဒသမ ၇ သန်းဝန်းကျင် ထုတ်လုပ် ပေမယ့်လည်း ပြည်တွင်းစားသုံးမှုမြင့်တက်နေခြင်း ကို ဖြည့်ဆည်းဖို့ တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင် တင်သွင်း နေရပါတယ်။ ပြည်တွင်း ဆန်လိုအပ်မှုဟာ ၂၀၀၇-၂၀၀၈ မှာ တန်ချိန် ၄ သန်းဝန်းကျင်ရှိရာမှ ၂၀၁၁-၁၂ မှာ တန်ချိန် ၅ ဒသမ ၂ သန်း ရှိလာတဲ့အတွက် ၃၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ပြီး၊ ပြည်တွင်းဆန်ထုတ်လုပ်မှုမှာ ၂၀၀၇-၂၀၀၈ မှာ တန်ချိန် ၂ သန်းဝန်းကျင်ရှိရာမှ ၂၀၁၁-၁၂ မှာ တန်ချိန် ၂ ဒသမ ၇ သန်းကို ၃၅ ရာခိုင်နှုန်းတိုးတက် ထုတ်လုပ်နိုင်ခဲ့ပါတယ်။လဝန်း၊Source: oryza.com
