နိုက်ဂျီးရီးယား၊ တရုတ်နဲ့ ထိုင်းတို့မှ ၂၀၁၂ အတွင်း ဆန်တင်သွင်းမှုစံချိန်တင် မြင့်တက်မယ်လို့ USDA မှခန့်မှန်း
နိုက်ဂျီးရီးယား၊ တရုတ်နဲ့အင်ဒိုနီးရှားတို့မှမျှော်မှန်းမထား တဲ့ ဝယ်လိုအားကြောင့် ကမ္ဘာ့ဆန်ကုန်သွယ်မှုဟာ ၂၀၁၁ ခုနှစ်ထက် ၅ ရာခိုင်နှုန်းသို့မဟုတ် တန်ချိန် ၂ သန်းခန့် မြင့် တက်ပြီး၊ တန်ချိန် ၃၈ ဒသမ ၂ သန်းအထိ စံချိန် တင်မယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနUSDA မှ ၎င်းရဲ့ ခန့်မှန်းချက်ကို တိုးမြှင့်လိုက်ပါတယ်။ ထိပ်တန်းဆန် တင်သွင်းသူ နိုက်ဂျီးရီး ယားဟာအစောပိုင်းခန့်မှန်းထားရာမှ တန်ချိန် ၂ သိန်းဝန်းကျင် တိုးပြီး၊ ၂၀၁၂ မှာ တန်ချိန် ၃ ဒသမ ၂ သန်းထိ စံချိန်သစ် တင်သွင်းဖွယ်ရှိပါတယ်။ နိုက်ဂျီးရီးယားအစိုးရရဲ့ ဆန် တင် သွင်းမှုအားပေးဖို့ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ လာ မယ့်နှစ် ဇန်နဝါရီလကစပြီး တင်သွင်းခွန်တိုးမြှင့်မယ့် ခန့်မှန်း ချက် တွေ အရ ကုန်သည်များက ဆန်သိုလှောင်မှု ဆက်လက် လုပ်လာတဲ့အတွက် တင်သွင်းမှုတိုးတ က်လာခြင်းဖြစ်ပါ တယ်။
ဆီနီဂေါရဲ့ ၂၀၁၂ ဆန်တင်သွင်းမှုကလည်း အိန္ဒိယက အဓိကရောင်းသူအဖြစ်ရှိနေပြီး၊ တန်ချိန် ၂၅၀၀၀၀ ဝန်းကျင် ပိုမိုကာ တန်ချိန် ၁ ဒသမ ၂ သန်းထိ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံကလည်း ပြည်တွင်းဈေးမြင့် တက်နေတာကြောင့် ဆန်တင်သွင်းမှုဟာ တန်ချိန် ၇ သိန်းပိုမိုကာတန်ချိန် ၂ ဒသမ ၆ သန်းထိ ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ တရုတ်ကို အဓိက ရောင်းချသူက ဗီယက်နမ် ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကလည်း ယခုနှစ် မကုန်မီ သို လှောင်ဆန်အမြောက်အမြားထားရှိဖို့ ကြိုးပမ်းတဲ့အတွက် အရင်ခန့်မှန်းထားခြင်းထက် တန်ချိန် ၂ သိန်းဝန်းကျင်မြင့် တက်ကာ ၂၀၁၂ မှာ တန်ချိန် ၁ ဒသမ ၇ သန်းခန့် တင်သွင်းဖွယ်ရှိနေပါတယ်။ အထူးသဖြင့် ထိုင်းဆန် တင်သွင်းမှုက အစောပိုင်းခန့်မှန်း ထား ရာမှ တန်ချိန် ၄ သိန်းဝန်းကျင်မြင့်တက်ပြီး၊ ယခုနှစ်မှာ တန်ချိန် ၆ သိန်းအထိ ရောက်ရှိနိုင်တယ်လို့ USDA က ဆိုပါတယ်။ အဲဒီလို တင်သွင်းမှု မြင့်တက်ခြင်းဟာ နယ်စပ် ကုန်သွယ်မှုများမှ ဖြစ်တယ်လု့ိ ဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်း ဆန်ဈေးကြီးမြင့်တာကြောင့် ယခုနှစ် ထိုင်းနိုင်ငံကို ဝင် ရောက်မှုထဲမှာ ကမ္ဘောဒီးယားဆန်ပမာဏ တိုးတက်လာ တယ်လို့ ဆိုပါတယ်။ လမင်း၊Source: oryza.com
