အင်းလေးတွင် ဟိုတယ်များ တိုးချဲ့တည်ဆောက်မည်
ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့လာသည့်အခါ တည်းခိုမှု အဆင်ပြေစေရေးအတွက် အင်းလေး ဒေသတွင်ဟိုတယ်များကို တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံဟိုတယ်လုပ်ငန်းရှင်တစ်ဦး မှပြောပြသည်။
ယခင်နှစ်များက ကမ္ဘာ့လှည့်ခရီးသွားများ အင်းလေးဒေသသို့ လာရောက်လည်ပတ်ရာတွင် ဧည့်ဝင်များခဲ့သဖြင့် တည်ခိုးရ မည့် ဟိုတယ်များ အခန်းပြည့်သည့်အပြင် အနီးအနားရှိကျေးရွာများတွင်ပါ တည်းခိုခဲ့ကြရသည်။ ထို့ကြောင့် လာရောက်သော ဧည့်သည်အဝင်နှုန်းနှင့် ကိုက်ညီအဆင်ပြေမှုရှိစေရန် ဟိုတယ်ဇုန်များအပြင် ဟိုတယ်များကိုလည်း တိုးချဲ့တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။"ဟိုတယ်နဲ့ခရီးက ဟိုတယ်ဇုန်လုပ်ခွင့်ကို တိုင်းရင်းသားတွေစီ ချထားပေးပါတယ်။ ဒီအပိုင်းမှာ တချို့ကလည်း အင်းလေး နဲ့ မလှမ်းမကမ်းနေရာတွေမှာလုပ်ချင်တယ်။ စီးပွားရေးအရပေါ့"ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။အင်းလေးဒေသအတွင်း ဟိုတယ် ၂၄ လုံးခန့်ရှိပြီး အခန်းပေါင်း ၁၀၀၀ ကျော်ရှိကြောင်း၊ လိုအပ်ချက်ရှိ သည့် နေရာများမှာ အင်းလေးဒေသအနီးပတ်ဝန်းကျင်တွေဖြစ်ကြောင်းနှင့် ယင်းအတွက် ဖော်ဆောင်ရန် လုပ်ငန်းရှင်များမှလည်း မျက်စိကျနေ ကြောင်း သိရသည်။
