နယ်စပ်ဂိတ်များတွင် ဆိုက်ရောက်ဗီဇာစီစဉ်ခြင်းကြောင့်ကျောပိုးအိတ်ခရီးသွားတိုးလာနိုင်

နယ်စပ်ဂိတ်  ဝင်ပေါက်များတွင် ဆိုက်ရောက်ဗီဇာများ ထုတ်ပေးနိုင်ရန် စီစဉ်လာခြင်းကြောင့် ယခုနှစ်ကုန်ပိုင်း အတွင်း ကျောပိုးအိတ် ခရီးသွားများ တိုးလာဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းရှင်များအသင်းမှသိရသည်။မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာ့လှည့် ခရီးသွားများ ဝင်ရောက်မှုနှုန်း  တိုး ပွားလာရန် လေဆိပ်များတွင်သာမက နယ်စပ်ဂိတ်များတွင်ပါ ဆိုက်ရောက်ဗီ ဇာများထုတ်ပေးနိုင်ရန်ကြိုးပမ်းလာနေ ကြောင်း၊ ထို့အပြင် လေဆိပ်များတွင် လည်း ကမ္ဘာ့လှည့်ခရီးသွားများ၏လုံခြုံ ရေးကာ

ကွယ်နိုင်မည့် သတင်းပြန်ကြား ရေးကောင်တာများတိုးချဲ့ထားရှိနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ကမ္ဘာ့လှည့်  ခရီးသွားများအနေဖြင့် ခရီးစဉ်များဖြင့် လာရောက်သည့် အရေ အတွက်မှာ၁၂ ရာခိုင်နှုန်းခန့်သာ ရှိသေး ကြောင်း၊ ထို့ကြောင့် လုံခြုံရေးကောင်း မွန်စေရန်လည်း   စီစဉ်လာခြင်းဖြစ် ကြောင်း၊ ပြည်တွင်း  ခရီးသွားလုပ် ငန်းများ  အဆင့်မြှင့်တင်မှုများဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည်။အားနည်းခဲ့သော  ခရီးသွားများ အား ပို့ဆောင်ရေး အစီအစဉ်များကို လည်းဝန်ဆောင်မှု များ  ကောင်းမွန် စွာ ပေးနိုင်ရန်စီစဉ်နေကြောင်း၊ ခရီးသွား ဒေသများအလိုက် ဒေသခံလုပ်ငန်းရှင် များလုပ်ဆောင်နိုင် သည့်  ကားစီးလုံး ငှားခြင်း၊ အငှားယာဉ်များအားအဆင် ပြေစွာငှားရမ်းနိုင်ရန် စီစဉ်ပေးခြင်းနှင့် လုံခြုံရေးအတွက်လည်း စီစဉ်ထားရှိပါ က ပိုမိုကောင်းမွန်လာနိုင်ကြောင်း ခရီး သွားလုပ်ငန်းရှင်တစ်ဦးက သုံးသပ်အ ကြံပြုသည်။