နယ်စပ်ကျောင်းသား ၃၄ ဦးအား ဆေးတက္ကသိုလ်ဝင်ခွင့် အထူးအစီအစဉ်အတွက် ရွေးချယ်

ဆေးတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ခွင့်အတွက် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသများနှင့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများမှ ကျောင်း သား ၃၄ ဦးအားရွေးချယ်ထားကြောင်း ဆေးသိပ္ပံ ပညာဦးစီးဌာနမှသိရသည်။

အဆိုပါ ရွေးချယ်ခံရကျောင်းသားများသည်  မကွေးဆေးတက္ကသိုလ်တွင် တက်ရောက်ရမည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော နာဂ၊ ဓနု၊ ဝအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝဒေသများနှင့် ဒေသစရိတ် ခံစားခွင့်ပြုထားသောဒေသ များတွင် အမြဲနေထိုင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာဘွဲ့ဖြင့် အောင်မြင် ထားသူများထဲမှ ၂၀၀ ဦး လျှောက်ထားခဲ့ရာ ၃၄ ဦးအား ရွေးချယ်ထားကြောင်း သိရသည်။ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် သီးခြားလျှောက်ထားရသော အစီအစဉ်တွင် ရွေးချယ်ခံရသော ကျောင်းသားများအနေဖြင့် ဆေးပညာသင်ယူပြီးဆုံးပါက မိမိ ဒေသတွင် ငါးနှစ် မပျက်မကွက်တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။