ဟင်္သာတခရိုင်မှ ကောက်စောစပါး ဈေးကွက်

ဟင်္သာတခရိုင်အတွင်းမှာ ၂၀၁၂-၁၃ ခုနှစ်ထွက် မိုးစပါးများကို အောက် တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ကောက်စောစပါးများ ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။ အင်္ဂပူမြို့နယ်ရှိ ပုသိမ် မုံရွာ လမ်း ဘေး ကျေးရွာအုပ်စုများ၊ မဲဇလီကုန်း၊ ထူးကြီးဒေသတို့နဲ့ ဟင်္သာတမြို့နယ်ရှိ ပိတောက်ကုန်းကျေးရွာ၊ နိဗ္ဗာန်ကျေး ရွာတို့မှာ အရောင်းအဝယ် အနည်းငယ် ဖြစ်နေကြောင်းလည်း  သိရပါတယ်။ ကောက်စောစပါး တင်း ၁၀၀ ကို မြန် အောင်မြို့နယ်မှာ  ၂၉၀၀၀၀ ကျပ်၊ အင်္ဂပူမြို့နယ်မှာ ၂၈၀၀၀၀ ကျပ်၊ ဟင်္သာတမြို့နယ်မှာ ၂၉၀၀၀၀ ကျပ် ဈေးနှုန်းများနဲ့   ရောင်းဝယ်မှုပြုပြီး၊ ကောက်စောဆန်ဈေးအနေနဲ့ ဧည့်မထ ဆန် တစ်အိတ်ကို ၁၁၅၀၀ ကျပ်၊ ၁၂၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရပါတယ်။အေးအေးခိုင်-ဟင်္သာတ