ဖျာပုံခရိုင် ဘိုကလေးမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်ရှိ ပေါင်းဆန်စက် သုံးလုံးမှ ရုရှားနိုင်ငံသို့ ပေါင်းဆန်များ တင်ပို့ရောင်းချလျက်ရှိ
ဧရာဝတီတိုင်း ဒေသကြီးတွင်း ဆန်စက်လုပ်ငန်းရှင်များ အနေဖြင့် ကမ္ဘာ့ပေါင်းဆန် စားသုံးသူများ၏ လိုအပ်ချက်အရ ပေါင်းဆန်စက်များ တည်ဆောက်လာကြတာကို တွေ့ရှိရပါ တယ်။
ဘိုကလေးမြို့နယ်မှာ အောင်ရ တနာသန်း ပေါင်းဆန်စက်၊ သုစိတ္တ ပေါင်းဆန်စက်၊ ဒေးဒရဲမြို့နယ် မှာ အောင်တံခွန်ပေါင်းဆန်စက်၊ ဖျာပုံခရိုင် တွင် ပေါင်းဆန်စက် သုံးလုံးရှိပြီး ပေါင်း ဆန်များထုတ်လုပ်ကာ ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါ တယ်။ဘိုကလေးမြို့နယ် အောင်ရတနာ သန်း ပေါင်းဆန်စက်ကတော့ ၂၀၁၁-၁၂ ခုနှစ်မှာ လုံးတီးဆန် တန် ၁၅၀၀ ကြိတ်ခွဲတင်ပို့နိုင်ခဲ့ပြီး၊ ၂၀၁၂-၁၃ ခုနှစ် မှာ ဆန်တန် ၃၀၀၀ အထိ တင်ပို့သွား မှာဖြစ်ကြောင်း၊ သုစိတ္တပေါင်းဆန်စက် ကတော့ ၂၀၁၂-၁၃ ခုနှစ်မှာ စတင် ကြိတ်ခွဲခဲ့ပြီး လုံးတီးဆန်တန် ၁၀၀၀ တင်ပို့သွားရန် လျာထားကြောင်း၊ ဒေးဒရဲမြို့နယ် အောင်တံခွန် ပေါင်းဆန် စက်ကတော့ ၂၀၁၂-၁၃ ခုနှစ်အတွက် လုံးတီးဆန်တန် ၆၀၀ တင်ပို့နိုင်ခဲ့ပြီး တန် ၁၀၀၀ အထိ တင်ပို့သွားမှာဖြစ် ကြောင်း သိရပါတယ်။ "ဘိုကလေးနဲ့ ဒေးဒရဲကထွက်တဲ့ ပေါင်းဆန် (လုံးတီး) တွေကို ရန်ကုန်က ရွှေဇာခြည်ကုမ္ပဏီနဲ့ ရွှေပျားကုမ္ပဏီကို ပို့ကြတာပါ။ ရန်ကုန်မှာ အဆင့်မြင့် စက်တွေနဲ့ ဆန်ဖြူဖွတ် အရောင်တင် ပြီးမှ နိုင်ငံခြားကို ပို့တယ်လို့ သိရပါ တယ်။ ပို့တဲ့နိုင်ငံကရုရှားနိုင်ငံပါ။ ပေါင်း ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၀၀၊ မြန်မာငွေနဲ့ တွက်ရင် ကျပ် ၄၃၀၀၀၀ ဈေးရပါတယ်။ တွက်ခြေ ကိုက်ပါတယ်"လို့ အောင်တံခွန် ပေါင်း ဆန်စက်ပိုင်ရှင် ဦးလှထွန်းအောင်က ပြောပါတယ်။မင်းဇော်မွန်-ဖျာပုံ
