ရေလွှမ်းမိုးမှုကြောင့် သီးနှံ ၄၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးတဲ့တိုင် နိုက်ဂျီးရီးယား ဆန်စက်လုပ်ငန်းရှင်များက ဆန်တင်သွင်းမှုကို ဆန့်ကျင်
နိုက်ဂျီးရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့လက ရေလွှမ်းမိုးမှု ကြောင့် စပါးထုတ်လုပ်မှု လျော့ကျခြင်းကြောင့် အစိုးရရဲ့ ၂၀၁၇ ခုနှစ်မှာ ဆန်ဖူလုံဖို့ ရည်မှန်းချက်ကို ဆန့်ကျင်နေတဲ့ ဆန်တင်သွင်းမှုကို အရေးတကြီးဆောင်ရွက်ဖို့ မလိုဘူးလို့ နိုက် ဂျီးရီးယား ဆန်စက်လုပ်ငန်းရှင်များက ဆိုပါတယ်။ အောက်တို ဘာလမှာ နိုက်ဂျီးရီးယား မြစ်ရေ လွှမ်းမိုးတဲ့အတွက် စပါး စိုက်ပျိုးဧရိယာစုစုပေါင်း ဟက်တာ ၂ ဒသမ ၁ သန်းရဲ့ ၄၈ ရာခိုင်နှုန်းနီးပါး လယ်မြေဟက်တာ ၁ သန်းဝန်းကျင်ထိခိုက် ခဲ့ပါတယ်။ ကနဦးခန့်မှန်းချက်အရ စပါးတန်ချိန် ၁ ဒသမ ၅ သန်း ဆန်တန်ချိန် ၁ သန်းခန့်ဟာ ရေလွှမ်းမိုးလို့ ဆုံးရှုံးနိုင် တယ်လို့ ဆိုပါတယ်။
နိုက်ဂျီးရီးယားနိုင်ငံဟာ ဆန်တန်ချိန် ၂ ဒသမ ၇ သန်း ဝန်းကျင်ထုတ်လုပ်ပြီး၊ တစ်နှစ်ပြည်တွင်းလိုအပ်ချက် တန်ချိန် ၅ သန်းကျော်အတွက် ပြည့်မီဖို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင်တင်သွင်းနေရပါတယ်။ ဒါပေမယ့် အစိုးရ အနေ နဲ့ အရေးတကြီးအနေနဲ့ နောက်ထပ်တစ်ဖန် ဆန်တင်သွင်းဖို့ မတိုက်တွန်းသင့်ဘူးလို့ ဆန်စက်လုပ်ငန်းရှင် များက ဆိုပါ တယ်။ ပွဲတော်ရာသီ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းဖို့ နိုင်ငံအတွင်း ဆန်သိုလှောင်မှု အလုံ အလောက်ရှိတယ်လို့ ဆိုပါတယ်။ ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌက ပြော ကြားရာမှာနိုင်ငံအတွင်း ဆန်တန်ချိန် ၆ သိန်းဝန်းကျင်ရှိ နေ ပြီး၊ယခုလအစပိုင်းမှာ စတင်တဲ့ စပါးထွက်ရှိမှုမှလည်း နောက် ထပ် ဆန်တန်ချိန် ၅ သိန်းရရှိမှာ ဖြစ်လို့ ရေလွှမ်းမိုးမှုကြောင့် ဆုံးရှုံးမယ့် ပမာဏကို ဖြည့်ဆည်းနိုင်မယ်လို့ ဆိုပါတယ်။ ပြည်တွင်းဆန်ထုတ်လုပ်မှု မြှင့်တင်ဖို့နဲ့ ၂၀၁၇ မှာ ပြည်တွင်းဆန်ဖူလုံဖို့ ရည်ရွယ်ဆောင်ရွက်မယ့် အစိုးရရဲ့ ၂၀၁၃ ဇန်နဝါရီလမှာ စတင်မယ့် ဆန်တင်သွင်းမှုအပေါ် အခွန်မြင့်မားစွာစည်းကြပ်မယ့် အစီအစဉ်ကို ဆက်ပြီး ဆောင် ရွက်ဖို့ ဆန်စက်လုပ်ငန်းရှင်များက တိုက်တွန်းကြောင်းသိရပါ တယ်။ လဝန်း၊Source: oryza.com
