မလေး၊ စင်ကာပူနဲ့ ထိုင်းမှ မြေသြဇာများဝင်
ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်နေ့တာ ကာလအတွင်း မြေသြဇာ ၁၂၇၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ် လာ နှစ်သိန်းခုနစ်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှား နိုင်ငံမှ မြေသြဇာတန်ချိန် ၇၅၀၊ စင်ကာပူနိုင်ငံမှ သြဂဲနစ်မြေသြဇာ တန်ချိန် ၄၃၀ နဲ့ ထိုင်းနိုင်ငံမှ မြေသြဇာ ၉၆ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၃၈၀၀ ကျော် အသွင်းရှိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၀၈၇ သန်းတန်ဖိုး ရှိတဲ့ ဓာတ်မြေသြဇာ ၁၃၈၀၃ တန်ကျော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလ အတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုတွေကတော့ ၁၃၄၃၃ တန်ကျော်၊ ကော့သောင်းမှ ၁၅၅ တန်နဲ့ ရိဒ်မှ ၂၁၄ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကိုကြည့်မယ်ဆိုလျှင် မူဆယ်မှ ယူရီး ယား၊ တီစူပါဖော့စဖိတ်၊ ကွန်ပေါင်း ၁၀း၁၀း၅၊ ကွန်ပေါင်း ၁၅း၅း၅၊ စင်ဂဲလ်စူပါ ဖော့စဖိတ်နဲ့ မိုနိုအမိုးနီးယမ်းဖော့စဖိတ်တို့ အများဆုံးတင်သွင်းခဲ့ပြီး ကော့သောင်းမှ အမိုးနီးယမ်း ဆာလ်ဖိတ်နဲ့ ကွန်ပေါင်း ၁၅ ပတ်လည်၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ပုလဲတို့ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှာ ယူရီးယား ၁ တန်ကို ၃၂၅၄၈၁ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁ တန်ကို ၂၂၄၄၉၄ ကျပ်နဲ့ ကော့သောင်းမှာ အမိုးနီးယမ်း ၁ တန်ကို ၂၂၀၀၀၀ ကျပ် ဈေးပေါက်လျက်ရှိပါတယ်။ ဆွေဆွေဝင်း
ဈေးအတက်အကျမရှိဘဲ ငြိမ်နေဆဲ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ် အေးနေသလို မြေသြဇာဈေးကလည်း ငြိမ်နေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါ တယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၃၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (ထိုင်း) က ၂၈၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၂၅၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။မကွေးဈေးကွက်မှာ မြေသြဇာဈေးက ဆက်တိုက်ဆိုသလို အကျဘက်မှာပဲ ရှိနေတယ် လို့ပြောပါတယ်။ ဒီတစ်ပတ်မှာလည်း မြားကမ္ဘာနဲ့ ယူရီးယားက တစ်ရာ ကျပ်၊ အာမို၊ တီစူပါနဲ့ အောင်ကမ္ဘာက သုံးရာကျပ် ဈေးကျလာပါတယ်။ ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက မြားကမ္ဘာ-တရုတ်(၁၂း၁၃) (အပြာ) က ၁၄၇၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၄၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၅၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၄၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၁၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်နဲ့ ပိုတက် ၂၄၈၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာကအရောင်းအဝယ်ပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယားနဲ့ တီစူပါက ဈေးအနည်းငယ်ကျလာပြီး ပိုတက်(ထိုင်း) က ဈေးအနည်းငယ် မြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးမှာ ယူရီးယား (နေရွက်လှေ-တရုတ်) ၁၉၀၀၀ ကျပ်၊ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) က ၂၀၄၀၀ ကျပ်၊ ပိုတက် (ထိုင်း) ၃၈၀၀၀ ကျပ်၊ ပိုတက် (ကနေဒါ) ၂၄၂၀၀ ကျပ်၊ ကွန်ပေါင်း၁၅း၁၅း၁၅ (နေရွက်လှေ-ထိုင်း) ၃၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ (အမ်-ထိုင်း) ၃၅၅၀၀ ကျပ်၊ကွန်ပေါင်း၁၅း၁၅း၁၅ (တရုတ်) ၂၉၀၀၀ ကျပ် နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက အရောင်းသွက်တယ်လို့ မြေသြဇာအရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ပဲစိုက်ရာသီချိန်မှာ မြေသြဇာအသုံးရှိပေမဲ့ ဈေးကတော့ ငြိမ်နေသေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ယခင်ဈေးအတိုင်း ယူရီးယား-ပုလဲ (ပန်းဖူး) ၂၁၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လု့ိ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းအေးနေတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ သီတင်းကျွတ် အချိန်ကစပြီးအခု အချိန်အထိ မြေသြဇာဈေးကွက်ငြိမ်နေပါတယ်။ ဒီတစ်ပတ်မှာ တီစူပါ ၁၂%က ငါးရာကျပ်၊ တီစူပါ ၁၆% က တစ်ထောင်ကျပ် ပိုတက်က နှစ်ထောင်ကျပ် နဲ့ ဓာတ်ဆားက သုံးထောင်ငါးရာကျပ် ဈေးကျလာတယ်လို့သိရပါတယ်။ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ပန်းဖူး၊ ရွှေတောင်) တရုတ် ၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၈၅၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) က ၉၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၀၀၀ ကျပ်၊ ဓါတ်ဆား (တရုတ်) ၂၀၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၈၀၀၀ ကျပ်၊ မြားကမ္ဘာက ၁၄၀၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)
