ကိုရီးယား၊ ထိုင်း၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်မှ မြေသြဇာများဝင်

ကိုရီးယား၊ ထိုင်း၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်မှ မြေသြဇာများဝင်နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း မြေသြဇာတန်ချိန် ၂၃၅၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ် လာ ခြောက်သိန်းရှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုရီးယားနိုင်ငံ မှ SILICA မြေသြဇာ ၃၈ တန်၊ ထိုင်းနိုင်ငံမှ  GYPSUM    မြေသြဇာ ၁၂၀ တန်၊ NPK   မြေသြဇာက ၁၆၈၀ တန်၊ FOLIAR  မြေသြဇာက ၁၉ တန်၊ စင်ကာပူ နိုင်ငံမှ ကောမတ်မြေသြဇာက ၂၅၀ တန်နဲ့  ဘင်္ဂလားဒေ့ရှ်မှ မြေသြဇာ တန် ၂၅၀ အသီးသီး မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)

 
နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၂၆၀၀ ကျော် တင်သွင်းခဲ့မူဆယ်၊ ကော့သောင်း၊ မြိတ်နှင့် ရိဒ်စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၅၂၅ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၂၆၂၉ တန်ခန့်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်း မှုတွေကတော့ မူဆယ်မှ ၁၂၀၅၄ တန်ကျော်၊ ကော့သောင်းမှ ၆၇ တန်၊ မြိတ်မှ ၂၁၅ တန်နဲ့ ရိဒ်မှ ၂၉၂ တန်ကျော် အသီးသီးဖြစ်ပါတယ်။ နယ်စပ်အလိုက် တင် သွင်းမှုတွေကိုကြည့်မယ်ဆိုလျှင် မူဆယ်မှ ယူရီးယား၊ ကွန်ပေါင်း ၁၀း၁၀း၅၊ ကွန် ပေါင်း ၁၅ ပတ်လည်၊ ကွန်ပေါင်း ၁၅း၅း၅၊ တီစူပါဖော့စဖိတ်နဲ့ စင်ဂဲလ်စူပါဖော့ စဖိတ်တို့အများဆုံးတင်သွင်းခဲ့ပြီး ကော့သောင်း နှင့် မြိတ်စခန်းတို့မှ အမိုးနီးယမ်း ဆာလဖိတ်၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ပုလဲတို့ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှာ ယူရီးယား ၁ တန်ကို ၃၂၆၉၂၈ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅  ၁ တန်ကို ၂၂၅၇၀၄ ကျပ်၊ ကွန်ပေါင်း ၁၅ ပတ်လည် ၁ တန် ကို ၄၀၃၅၃၁ ကျပ်နဲ့ ကော့သောင်းမှာ အမိုးနီး ယမ်း ၁ တန်ကို ၂၂၀၀၀၀ ကျပ် ဈေးပေါက်လျက်ရှိပါတယ်။       ဆွေဆွေဝင်း
ဓာတ်မြေသြဇာဈေးကွက် ပုံမှန်ရှိနေမော်လမြိုင်ဈေးကွက်မှာ မြေသြဇာက အရောင်းပုံမှန်ရှိနေတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး ကဆိုပါတယ်။ အရောင်း အဝယ်ရှိနေပေမဲ့ မြေသြဇာဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ  အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးကပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၃၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (ထိုင်း)က ၂၈၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၂၅၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ် ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ အာမို ၁၆း၁၆း၈ က ၃၀၀ ကျပ်ဈေးကျလာပြီး ပိုတက် က ၂၀၀ ကျပ်၊ တောင်သူမက ၅၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဈေး ကွက်ထဲ  အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက မြားကမ္ဘာ ၁၂း၁၃(အပြာ)က ၁၄၈၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၄၅၀၀ ကျပ်၊ အာမို  ၁၀း၁၀း၅ ၁၅၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၅၀၀ ကျပ်၊  အာမို ၁၆း၁၆း၈ က ၃၃၀၀၀ ကျပ်၊ ယူရီးယား- ပုလဲ (ပန်းဖူး-တရုတ်) ၁၉၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၁၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်နဲ့ ပိုတက် ၂၅၀၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ မြေသြ ဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယားက ဈေးမပြောင်းပေမဲ့ တီစူပါက ၁၀၀ကျပ် ဈေးကျလာပြီး ပိုတက် (ထိုင်း) က ၅၀၀ ကျပ် ဈေးမြင့်လာတယ်လို့သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးမှာ ယူရီးယား (နေရွက်လှေ-တရုတ်)နဲ့  ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်)က ၂၀၃၀၀ ကျပ်၊ ပိုတက် (ထိုင်း) ၃၈၅၀၀ ကျပ်၊ ပိုတက်(ကနေဒါ) ၂၄၂၀၀ ကျပ်၊ ကွန်ပေါင်း၁၅း၁၅း၁၅ (နေရွက်လှေ-ယိုးဒယား) ၃၈၅၀၀ကျပ်၊ ကွန် ပေါင်း ၂၅းရး၇ (အမ်-ထိုင်း) ၃၅၅၀၀ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၉၀၀၀ ကျပ် နဲ့ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတယ် လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက အရောင်းသွက်တယ်လို့ မြေသြဇာအရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ရာသီချိန်မှာ မြေသြဇာအသုံးရှိပေမဲ့ ဈေးက တော့ ငြိမ်နေသေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးက ယခင်ဈေးအတိုင်း ယူရီးယား-ပုလဲ (ပန်းဖူး) ၂၁၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လု့ိ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းအေးနေတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ  တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။  ဒီတစ်ပတ်မှာ တီစူပါ ၁၂% က ငါးရာကျပ်၊ တီစူပါ ၁၆% က တစ်ထောင်ကျပ်၊ ပိုတက်က နှစ်ထောင်ကျပ်နဲ့ ဓာတ်ဆားက သုံးထောင်ငါးရာကျပ် ဈေးကျလာတယ်လို့ သိရပါတယ်။ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ ပန်းဖူး၊ ရွှေတောင်) တရုတ် ၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) က ၈၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၀၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၆၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၁၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၈၀၀၀ ကျပ်၊ မြားကမ္ဘာက ၁၄၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။    MIRT (DOT)