FAO က ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှုကို တိုးမြှင့်ခန့်မှန်း

၂၀၁၂ အတွင်းကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ ၂၀၁၂ - ၁၃ ခုနှစ်အတွင်း စားသုံးမှုပမာဏထက် ပိုမိုလိမ့်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်း (FAO) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် ဆန် ဈေးကွက်လေ့ လာ စောင့်ကြည့်မှုအစီရင်ခံစာ(RMM) မှာ ဖော်ပြထားတယ်။FAO ရဲ့ ဇူလိုင်လအတွင်းက ခန့်မှန်းထားတဲ့ ကမ္ဘာ့စပါးထုတ်လုပ် မှုပမာဏထက် တန်ချိန် ၄ ဒသမ ၂သန်းပိုမိုပြီး စပါးတန်ချိန်စုစုပေါင်း ၇၂၉ သန်း (ကြိတ်ခွဲပြီးဆန် ၄၈၆ သန်း)ထိ ရောက် ရှိ ထုတ်လုပ်နိုင်မယ်လို့ RMM မှာ ဖော်ပြထားတယ်။

အိန္ဒိယမှာ မုတ်သုန်မိုးနောက်ပေမဲ့လည်း မိုးရရှိမှုအခြေအနေကောင်းခဲ့တဲ့အတွက် ဆန်အထွက်နှုန်း တိုးမယ်လို့ ခန့်မှန်းကြောင်း၊ အီဂျစ်၊ မြောက်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အမေရိကန်တို့ရဲ့ ဆန်အထွက်နှုန်းလည်း တိုးတက်လာ နိုင်တဲ့အတွက် ကမ္ဘာ့ဆန်ထွက်နှုန်းတိုးတက်လာနိုင်ကြောင်း ဖော်ပြထားတယ်။ ဆန်ကိုအဓိကအစားအစာအဖြစ် အသုံးပြုတဲ့အာရှရဲ့ ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၄၄၁ သန်း (စပါးတန်ချိန် ၆၆၁ သန်း)အထိ ရောက်ရှိနိုင်ရာ ၂၀၁၁ ခုနှစ်ကထုတ်လုပ်မှုထက် သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်မားလာတယ်လို့ FAO ကအစီရင်ခံထားတယ်။ဘင်္ဂလားဒေ့ရှ်၊တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ စပါးစိုက်ပျိုး မှုတိုးမြှင့် ထားတဲ့အတွက် အထွက်တိုးမယ်လို့ခန့်မှန်းကြောင်း FAO အစီရင်ခံစာမှာ ဖော်ပြထားတယ်။ အာဖရိကမှာလည်း ရာသီဥတုကောင်းမွန်ခဲ့တဲ့အတွက်စပါးအထွက်နှုန်းတိုးတက်လာကြောင်း၊ စပါးတန် ချိန် ၂၆ ဒသမ ၄ သန်း(ဆန်တန်ချိန် ၁၇ ဒသမ ၃ သန်း)အထိထွက်ရှိမယ်ရည်မှန်းရာ၂၀၁၁ခုနှစ်စပါးအထွက်နှုန်းထက် ၄  ရာခိုင် နှုန်း ပိုမိုကြောင်း၊ အီဂျစ်၊ မာလီ၊ ဂါနာ၊ မိုဇမ်းဘစ်၊ ဆီရာလီရုန်း၊ တန်ဇန်နီးယားနဲ့ နိုက်ဂျီးရီးယားတို့ရဲ့ စပါးအထွက်နှုန်းတွေ လည်း တိုးတက်လာနိုင်ကြောင်း FAO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။Source:allafrica.com,ပပ