ထိုင်းနှင့် တရုတ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုဆိုင်ရာ Mou ရေးထိုးအပြီး တရုတ်နိုင်ငံမှ ထိုင်းဆန်တန်ချိန် ၂ ဒသမ ၆ သန်းဝယ်ယူခဲ့
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ထိုင်းနိုင်ငံကို လာ ရောက်လည်ပတ်စဉ်ကာလအတွင်း ဆန်ကုန်သွယ် မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) တစ်ခုကို လက်မှတ်ရေး ထိုး နိုင်ခဲ့တယ်လို့ သိရတယ်။ ၎င်း MOU အရ နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်ရေးအထောက်အကူပြုလိမ့်မယ်လို့ ထိုင်း နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့ အာရှဌာန ညွှန်ကြား ရေးမှူး Damrong Kraikruan က ပြောကြားတယ်။ ၎င်း MOU က ဆန်ဝယ်ယူဖို့ စာချုပ် ချုပ်ဆိုခြင်းမဟုတ်ပဲ ဆန်ကုန် သွယ်မှု မြှင့်တင်ဖို့ နားလည်မှုစာချွန်လွှာတစ်ခုသာ ဖြစ်တယ် လို့ သိရတယ်။
ဒါပေမဲ့ ၎င်း MOU က အကျိုးသက်ရောက်မှုရှိတယ် ဆိုရဖွယ်ရှိတယ်။ MOU ရေးထိုးပြီးနောက်ပိုင်း တရုတ်နိုင်ငံမှ ပုဂ္ဂလိကကုမ္ပဏီ (၁၀) ခုက ထိုင်းဆန်တန်ချိန် ၂ ဒသမ ၆ သန်း(တန်ဖိုး ကန်ဒေါ်လာ ၂၂၈ သန်း) ဝယ်ယူခဲ့တယ်လို့ သိရတယ်။ ထိုင်းအစိုးရကလယ်သမားများ အဆင်ပြေစေဖို့အတွက် ပြည်တွင်း ဆန်ဈေးကွက်အတွင်း ဝင်ရောက်ကာ စပါးဈေးမြှင့် ပေးပြီး အပေါင်ခံတဲ့စနစ်ကျင့်သုံးခဲ့မှုကြောင့် အစိုးရဆီမှာ ဆန်တန်ချိန် ၁၄ သန်းအထိ သိုလှောင်ထားရှိနေပြီ ဖြစ်တယ်။ ဆန်သိုလှောင်မှုများလာသော်လည်းဆန်ဈေးကြီးမြင့် မှုကြောင့် ပြည်ပကိုတင်ပို့မှုေ လျာ့ကျလာရာအစိုးရဆီမှာ ဆန်သိုလှောင် မှု ပမာဏ ပိုမိုမြင့်မားလာတယ်။ ဒါပေမဲ့ ယခုလိုမျိုး တရုတ်နိုင်ငံရဲ့ ဆန်ဝယ်ယူမှုက ထိုင်း အစိုးရကြုံတွေ့နေရတဲ့ ဆန်တင်ပို့ မှု လျော့ကျခြင်း ပြဿနာ အပေါ် ဝေဖန်ပြစ်တင်ခံရမှုတွေကို လျော့ပါးစေတယ်လို့ သိရ တယ်။ ပပ
