မန္တလေးမြို့ နတ်ရေကန်ရွာရှိ ငါးရှဉ့်ရေလှယ်ရုံ ဖျက်သိမ်း
ပြည်တွင်းမှရရှိတဲ့ ငါးရှဉ့်များကို မန္တလေးမြို့မှဖြတ်ပြီး တရုတ်နိုင်ငံကို အများ ဆုံး တင်ပို့ရောင်းချလျက်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှ တင်ပို့မယ့် ငါးရှဉ့်များ၊ မန္တလေးမြို့အနီးမှထွက်ရှိ တဲ့ ငါးရှဉ့်တို့ကို မန္တလေးမြို့ နတ်ရေကန်ရှိ ငါးရှဉ့်ရေလှယ်ရုံမှာ ရေလှယ်ပြီးမှ တရုတ်နိုင်ငံ ကို တင်ပို့ရကြောင်းသိရပါတယ်။ငါးရှဉ့်တင်ပို့ရောင်းချသူတစ်ဦးက "ငါးရှဉ့်ရေလှယ်ရုံက ငါးလုပ်ငန်းဦးစီး ဌာနက ငှားရမ်းထားတာ။ အခု ဖျက်သိမ်းလိုက်တော့ ပလိပ်က အိမ်တစ်အိမ်မှာ ရေလှယ်ရတယ်။ မန္တလေးမှာဆို အနံ့အသက်နဲ့အဆင်မပြေ လို့ နေရာအခက်အခဲ ဖြစ်တယ်။ ရန်ကုန်ဘက်ကလာတဲ့ကားတွေတော့ အဆင်ပြေသလိုသွားနေရတယ်။ အခုချိန်က ငါးရှဉ့်အထွက်နည်းလို့ တော်သေးတယ်။ ရေလှယ်ရတာအဆင်မပြေလို့ လာဝယ်တဲ့သူပဲရောင်းပေးတယ်။ အပေါ် တက်ပြီး မရောင်းတော့ဘူး။ အပေါ်သွား ရောင်းရင် ဈေးက အမျိုးမျိုးကစားသေးတယ်။ ဒီမှာကရေလှယ်ဖို့ အခက်အခဲဖြစ် တော့ မတော်လို့ ငါးသေရင် အဆင်မပြေနိုင်ဘူး။ ဒါကြောင့်ကိုယ်တိုင်သွား မရောင်း တော့ဘူး" လို့ ပြောပါတယ်။တရုတ်နိုင်ငံဘက်ကို ငါးရှဉ့်ကား သုံးစီး၊ လေးစီးဝန်းကျင်ရောင်းချမှုရှိကြောင်း၊ ရန်ကုန်ဘက်မှ အများဆုံးထွက်ပြီး မန္တလေးမှ အထွက်နည်းနေပြီဖြစ်ကြောင်း သိရ ပါတယ်။ ယခုအခါ မူဆယ် ၁၀၅ မိုင်ထက် ချင်းရွှေဟော် နဲ့ လောက်ကိုင်ဘက်ကို ပိုပြီးရောင်းချမှုရှိကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး
