ပြည်ပဝယ်လိုအားမရှိ၍ ဗီယက်နမ်ဆန်ဈေးနှုန်းများကျဆင်းလာ
နိုဝင်ဘာလနှောင်းပိုင်းမှာ ဗီယက်နမ်ဆန်ဈေးနှုန်းတွေ အားနည်းလာတယ်။နိုဝင်ဘာလ ၁၉ ရက်နေ့ထိ တစ်တန်ကို ၄၆၀ ဒေါ်လာမှာရှိနေခဲ့တဲ့ ဗီယက်နမ်ဆန်ဖြူ (၅ မှတ်ဆန်ကွဲ) က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တစ်တန်ကို ၄၂၅ ဒေါ်လာ အထိ ၃၅ ဒေါ်လာဈေးကျလာတယ်။
ပြည်ပဝယ်လိုအားမရှိလို့ ဈေးကျလာတယ်လို့ ဆိုပါ တယ်။ လာမဲ့ရက်အတွင်းမှာ ဆောင်း-နွေဦးစပါး ရိတ်သိမ်း တော့မှာဖြစ်ပြီး ရောင်းလိုအားများလာမယ်လို့ မှန်းဆကြခြင်း ကလည်းဈေးနှုန်းကျဆင်းမှုကို ဦးတည်စေခဲ့ပါတယ်။ ဆောင်း- နွေဦးစပါးက ဗီယက်နမ်အတွက် အဓိကအားအထားရဆုံးနဲ့ ထုတ်လုပ်မှုအများဆုံးသီးနှံဖြစ်ပြီး တင်ပို့မှု အများဆုံးလည်း ဖြစ်ပါတယ်။ ဗီယက်နမ်ဆန်ကို အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့က ယခုနှစ်အတွင်း ဝယ်ယူ တင်သွင်းမှုမြင့်မားခဲ့ပြီး ယခင်နှစ်က ထက်တိုးတက်ခဲ့ကြောင်း၊ ယခုနှစ်ဇန်နဝါရီမှ နိုဝင်ဘာလအထိ ကာလအတွင်းခန့်မှန်း ဆန်တန်ချိန် ၇ ဒသမ ၄၄ သန်းတင်ပို့ နိုင်ခဲ့ရာ ယခင်နှစ်အလားတူကာလက တင်ပို့မှုပမာဏထက် ၉ ဒသမ ၇ ရာခိုင်နှုန်းပိုမိုခဲ့တယ်လို့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက ပြောကြားခဲ့တယ်။Source:brecorder.com,ပပ
