၂၀၁၂ ခုနှစ် ဆန်ထုတ်လုပ်မှုပမာဏသည် စားသုံးမှုပမာဏထက် ပိုမိုမြင့်မားမည်ဟုဆို
၂၀၁၂ ခုနှစ်အတွင်း ဆန်ထုတ်လုပ်မှုပမာဏဟာ ၂၀၁၂-၁၃ ကာလအတွင်းစားသုံးမှု ပမာဏထက် ပိုမို မြင့်မား လာနိုင်ကြောင်း FAO ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထား ပါတယ်။
နိုဝင်ဘာနှောင်းပိုင်း အာရှဆန်ဈေးနှုန်းတွေက ကျဆင်း လာတယ်။ ပြည်ပမှ ဝယ်လိုအားနည်းခြင်းကြောင့် ဆန်ဈေး နှုန်းတွေ အားနည်းလာခြင်းဖြစ်တယ်။ ဒါပေမဲ့ ဇန်နဝါရီလ အရောက်ပို့ရမယ့် အမေရိကန် ဆန်ကြမ်းကြိုပွိုင့် ဈေးနှုန်းမှာ တစ်တန်ကို ၁ ဒေါ်လာဝန်းကျင်ဈေးမြင့်လာပြီး ၃၃၄ ဒေါ် လာ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ ဝယ်လိုအားပြန်လည်ရရှိလာပြီး ဈေးနှုန်းအနည်းငယ် ခိုင်မာ လာတာ ဖြစ်တယ်။ နိုင်ငံတကာ ဆန်ဈေးကွက်မှာ ဆန်ဝယ်လိုအား ငြိမ် သက်နေချိန်မှာ FAO ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခြင်းက လည်း ဆန်ဈေးကွက်ဈေးနှုန်းအပေါ် ထပ်မံဖိအားဖြစ်စေ တယ်။နိုဝင်ဘာလ ၂၁ ရက်နေ့ကထုတ်ပြန်တဲ့ FAO ရဲ့ ဈေး ကွက်လေ့လာစောင့်ကြည့်မှုအစီရင်ခံစာ (RMM) မှာ ၂၀၁၂ ခုနှစ်အတွင်းအာရှရဲ့ ဆန်ထုတ်လုပ်မှုက ၂၀၁၁ ခုနှစ်က ထုတ် လုပ်မှုပမာဏထက် သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်မားမယ်လို့ ခန့်မှန်းထားတဲ့အပြင် ၂၀၁၂ အတွင်း ကမ္ဘာ့ဆန်ထုတ်လုပ်မှု ပမာဏဟာ စားသုံးမှုပမာဏထက် ပိုမိုမယ်လို့ ခန့်မှန်းဖော်ပြ ထားတယ်။ Source:oryza.com,brecorder.com,ပပ
