ဧရာဝတီမြစ်ကြောင်းမှမန္တလေး-ပုဂံခရီးသွားလာမှုများပြား
ယခုနှစ် ခရီးသွားရာသီမှာ ဧရာဝတီမြစ်ကြောင်းမှ မန္တလေး-ပုဂံခရီးစဉ်သို့ ရေကြောင်းခရီးသွားလာမှု များကြောင်းသိရပါတယ်။
ယခုလတွင် မန္တလေးမြို့သို့ နိုင်ငံခြားဧည့် ၉၀၀ ဝန်းကျင် နေ့စဉ် ဝင်နေပြီး ၂၀၀ ဝန်းကျင်မှာ ရေကြောင်းဖြင့် ပုဂံသို့ အသွားများနေ ကြောင်း၊ မန္တလေးဂေါဝိန်ဆိပ်ကမ်းမှ မြစ်ကြောင်းခရီးသွား သင်္ဘောသုံး မျိုးဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။ သင်္ဘောဖြင့် မန္တလေး-ပုဂံခရီးစဉ်သို့ သွားလာမှုများခြင်းကြောင့် ယခင်ကရပ်နားထားတဲ့ ရွှေ ကိန္နရီသင်္ဘောကို နိုဝင်ဘာ ၁၆ ရက်ကစပြီး ပြန်လည်ပြေးဆွဲပေးလျက် ရှိကြောင်း သိရပါတယ်။ ရွှေကိန္နရီသင်္ဘောလိုင်းတာဝန်ခံ ကိုဝင်းဇော်ဦးက မန္တလေး-ပုဂံကို မြစ်ကြောင်း အလှခံစားရင်း သင်္ဘောနဲ့ အသွားများလာတယ်။ အရင်က ရက်ခြားပြေးရတဲ့ သင်္ဘောကလည်း ဒီရက်ပိုင်းမှာ နေ့စဉ်ပြေးဆွဲလာ ရတယ်။ ဧရာဝတီမြစ်ကြောင်းမှာ ဇိမ်ခံသင်္ဘောအနေနဲ့ ပန်တော်၊ ပေါက် ကံယာဉ်ပြေးဆွဲတယ်။ ဇိမ်ခံသင်္ဘောဆိုတော့ ရေကူးကန်လည်းပါတယ်။ ခရီးသည်တစ်ဦးကို ၁၀ သိန်းဝန်းကျင်ရှိတယ်။ နောက်တစ်မျိုးက Ferry Boat အမျိုးအစား မလိခနဲ့ရွှေကိန္နရီသင်္ဘောပြေးဆွဲတယ်။ ပြည်တွင်း ဧည့်တစ်ဦးကို ၁၂၀၀၀ ကျပ်၊ ပြည်ပဧည့်တစ်ဦးကို ဒေါ်လာ ၄၀ ယူ တယ်။ Private Charter Boat တွေနဲ့ စင်းလုံးငှားမော်တော်လည်း ပြေးဆွဲတယ်။ မော်တော်တစ်စီးကို ၆ သိန်းနဲ့ ၁၀ သိန်းကြားမှာရှိတယ်" လို့ပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ပုဂံ-မန္တလေးခရီးစဉ်ကို ရွှေကိန္နရီ သင်္ဘောမှာ နံနက် ၆ နာရီမှာထွက်ခွာပြီး မန္တလေး-ပုဂံခရီးစဉ်ကို မနက် ၇ နာရီမှာ ထွက်ခွာပြေးဆွဲကြောင်းသိရပါတယ်။ ဇူးဇူး-မန္တလေး
