မြေသြဇာ တန်ချိန် သုံးထောင့်လေးရာကျော်ဝင်
သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း မြေသြ ဇာ ၃၄၈၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းကျော်ဖိုးကို ရေကြောင်း လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ရေကြောင်းလမ်းမှဝင်လာခဲ့တဲ့ မြေသြ ဇာတွေက စင်ကာပူနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၆၉၅ တန်၊ အမိုးနီးယမ်းနိုက် တြိတ်မြေသြဇာ ၂၆၄ တန်၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၂၃ တန်၊ အခြား မြေသြဇာ ၁၂၅၀ တန်၊ ထိုင်းနိုင်ငံမှ ကောမတ်မြေသြဇာ တန်ချိန် ၂၅၀၊ ဗီယက်နမ် နိုင်ငံမှ ကွန်ပေါင်း မြေသြဇာ တန်ချိန် ၁၀၀၀ စသဖြင့် အသီးသီး တင်သွင်းလာ ခဲ့ပါတယ်။ MIRT (DOT)
နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၂၀၀၀ ကျော် ပိုမိုတင်သွင်းလျက်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်းနဲ့ ရိဒ်စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၅၈၈ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၃၁၈၇ တန်ကို ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း တင်သွင်းခဲ့ပါတယ်။ နယ်စပ်ကုန် သွယ်ရေးစခန်းအလိုက် တင်သွင်းမှုတွေတော့ မူဆယ်မှ ၁၂၈၀၈ တန်၊ ကော့သောင်း မှ ၁၉၉ တန် ကျော်နဲ့ ရိဒ်မှ ၁၇၉ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း၊ စင်ဂဲလ်စူပါဖော့စဖိတ်နဲ့ တီစူပါဖော့စဖိတ်တို့ဖြစ်ပြီး ကော့သောင်းမှ အမိုးနီးယမ်း ဆာလဖိတ်၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ပုလဲတို့ဖြစ်ပါတယ်။ မူဆယ်မှ ယူရီးယား ၁ တန်ကို ၃၆၉ ဒေါ်လာခန့်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁ တန်ကို ၂၄၂ ဒေါ်လာကျော်နဲ့ ၁၅ ပတ်လည် ၁ တန်ကို ၄၇၁ ဒေါ်လာကျော် ဈေးပေါက်လျက်ရှိပါတယ်။ ဆွေဆွေဝင်း
ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းငြိမ်နေဆဲ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ မြေသြဇာက အရောင်းအေးနေဆဲဘဲလို့ မြေသြဇာ အရောင်းဆိုင်မှတာဝန်ရှိသ ူတစ်ဦးက ဆိုပါတယ်။ အရောင်းအေးနေသလို ဈေးက လည်း ပြောင်းလဲမှုမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၀၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၃၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (ထိုင်း) က ၂၇၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၂၅၀၀ကျပ် နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာမြေသြဇာက ဒီတစ်ပတ်မှာအရောင်းအဝယ် ပါးနေသလို ဈေးကလည်းငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးတွေက မြားကမ္ဘာ ၁၂း၁၃(အပြာ) က ၁၄၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၄၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၅၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၀၀၀ကျပ်၊ ယူရီးယား- ပုလဲ (ပန်းဖူး-တရုတ်) ၁၉၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၁၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်နဲ့ ပိုတက် ၂၅၀၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ပါးနေတယ်လို့ မြေသြ ဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ မြေသြဇာဈေးက ယခင်တစ်ပတ်ဈေးထက် ယူရီးယား တစ်ရာကျပ်၊ တီစူပါ ၄၆% ရှစ်ရာကျပ်၊ တီစူပါ ၁၆% ကိုးရာကျပ်၊ တီစူပါ ၁၂% က လေးရာကျပ် အာမို ၁၀း၁၀း၅ ခုနှစ်ရာကျပ် ဈေးကျကာ ယူရီးယား(ပန်းဖူး-တရုတ်)က သုံးရာကျပ်ဈေးမြင့်ပြီး အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်) ၁၇၇၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်)၁၈၃၀၀ ကျပ်၊ တီစူပါ (GTSP ၁၆%-တရုတ်) ၁၈၆၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၅၀၀ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) ၇၂၀၀ ကျပ်၊ အာမို ၁၅ ပတ်လည် ၃၅၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၂၆၀၀ ကျပ်နဲ့ ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းပုံမှန်ရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီဘက်မှာက ယူရီး ယားဘဲအသုံးများတယ်။ဈေးကလည်း အတက်အကျ သိပ်မရှိဘူး။ ကုမ္ပဏီဈေး တက်ရင် တက်တယ်၊ ကုမ္ပဏီဈေးကျရင်ကျတယ်။ ဈေးကအပြောင်းအလဲသိပ် မရှိဘူးလို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးက ယခင်ဈေးအတိုင်း ယူရီးယား-ပုလဲ (ပန်းဖူး) ၂၁၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေ တောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)၂၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လု့ိ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ အရောင်းပုံမှန်ရှိပေမဲ့ တစ်ချို့မြေသြဇာကဈေးကျလာသလို တချို့ကလည်း ဈေးမြင့်လာတယ်လို့ သိရပါ တယ်။ ယူရီးယား-ပုလဲက ငါးရာကျပ်၊ ဓာတ်ဆားက တစ်ထောင်ကျပ်၊ ပိုတက်က ငါးရာကျပ်၊ မြားကမ္ဘာငါးရာကျပ်ဈေးကျလာပြီး တီစူပါ ၁၅ ပတ်လည်နဲ့ ယူရီးယား (ယူအေအီး)က တစ်ထောင်ကျပ်၊ တီစူပါ ၁၂% က ငါးရာကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက်အ တွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ပန်းဖူး၊ ရွှေတောင်) တရုတ် ၁၇၅၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်)က ၈၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၄၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၈၅၀၀ ကျပ်၊ မြှားကမ္ဘာက ၁၃၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)
