တရုတ်နိုင်ငံ ဆန်တင်သွင်းမှုနဲ့ အနာဂတ် အလားအလာ
ကမ္ဘာမှာ ဆန်အများဆုံးထုတ်လုပ်သူတရုတ်နိုင်ငံဟာ စပါးစိုက်ပျိုးဖို့ ရရှိနိုင်တဲ့ မြေဟက်တာ ၃၀ ဒသမ ၅ သန်းနဲ့ ကမ္ဘာမှာ စပါးစိုက် ဧရိယာအများဆုံး ရှိနေသလို ကမ္ဘာ့ဆန်အများဆုံး ထုတ်လုပ်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဆန် ထုတ်လုပ်မှုက ၂၀၁၂-၁၃ မှာ တန်ချိန် ၄၆၄ ဒသမ ၂ သန်းရှိမယ်လို့ ခန့်မှန်းထားတဲ့အနက် တရုတ်နိုင်ငံ ကလည်း ၂၀၁၂-၂၀၁၃ မှာ တန်ချိန် ၁၄၃ သန်း ထုတ်လုပ်ပါဝင်ပြီး ဆန်သိုလှောင်ထားရှိမှုမှာ လည်း ကမ္ဘာ့အရန်ဆန်ထားရှိမှုရဲ့ ၄၀ ရာခိုင်နှုန်းကျော် ထားရှိသို လှောင်တယ်လို့သိရပါတယ်။ အမေရိကန် စိုက်ပျိုးရေးဌာန ( USDA) ကခန့်မှန်းတာကတော့ ယခုနှစ်ဆန်သိုလှောင်မှုက တန်ချိန် ၄၅ သန်း ရှိလိမ့်မယ် လို့ဆိုပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံဟာ လူဦးရေ ကြီးမားတဲ့ နိုင်ငံတစ်ခုဖြစ်ပေမဲ့ လွန်ခဲ့တဲ့နှစ် များစွာ ကမ္ဘာ့ဆန်တင် သွင်းမှုမှာ အများဆုံးတင်သွင်းသူ အဆင့် ၇ သာရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆန်ထုတ်လုပ်၊ စားသုံးတင်သွင်းမှုအခြေ အနေတို့ကို ( USDA) က ခန့်မှန်းထားတာကို ဖော်ပြလိုက်ပါတယ်။
ရေတွက်ပုံ ဆန်တန်ချိန်သန်း ၂၀၁၀-၁၁ ၂၀၁၁-၁၂ ၂၀၁၂-၁၃ ကမ္ဘာ တရုတ် ကမ္ဘာ တရုတ် ကမ္ဘာ တရုတ် ဆန်ထုတ်လုပ်မှု ၄၄၉ ၁၃၇ ၄၆၅ ၁၄၀ ၄၆၅ ၁၄၃ ဆန်စားသုံးမှု ၄၄၅ ၁၃၅ ၄၅၈ ၁၃၉ ၄၆၈ ၁၄၄ ဆန်လက်ကျန် ၉၈ .၆ ၄၂ .၅ ၁၀၆ ၄၅ ၁၀၂ ၄၅.၈ တင်ပို့မှု ၃၆ ၀ .၄၈ ၃၈ ၀ .၄၀ ၃၆ ၀ .၅၀ တင်သွင်းမှု ၃၆ ၀ .၃၆ ၃၈ ၂ .၆ ၃၆ ၂ .ဝကမ္ဘာ့ဒုတိယဆန်အများဆုံး တင်သွင်းသူနေရာကို ရောက်လာဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းဆန်ဈေး ဦးတည်ရာနဲ့ ဆန် တင်သွင်းမှုတွေက ဒီနှစ်မှာ ထူးထူးခြားခြား ပြောင်းလဲလို့လာခဲ့ပါ တယ်။ တရုတ်နိုင်ငံဟာ ယခင်က ဂျုံ၊ ပြောင်းတို့ကိုလည်း ပြည်တွင်း ထွက်ရှိမှုနဲ့ ဖူလုံခဲ့ရာမှ နောက်ပိုင်းမှာ လူဦးရေတိုးပွားမှု၊ လူနေမှု အဆင့်အတန်းမြင့်မားလာမှု၊ စားသုံးမှုပုံစံ ပြောင်းလဲ လာမှု၊ ရာသီ ဥတုဖောက်ပြန်မှုနဲ့ စိုက်ပျိုးမြေ လျော့ပါးလာမှုဆိုတဲ့ အကြောင်း ရင်းပေါင်းများစွာနဲ့ ကမ္ဘာ့ကုန် စည်ဈေးကွက်မှာ တင်သွင်းသူသက် သက်အဖြစ် တဖြည်းဖြည်းရောက်ရှိလာခဲ့ပါတယ်။ အလားတူ ဆန် စပါးအနေနဲ့လည်း ဒီ ၂၀၁၂ ခုနှစ်အနေအထားမှာ ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသူ ဒုတိယ နေရာရောက်မှန်းမသိ ရောက်ရှိလို့လာခဲ့ပါ တယ်။ ကမ္ဘာမှာ ပြီးခဲ့တဲ့ ၂၀၀၉၊ ၂၀၁၀ ခုနှစ်လောက်အထိ အာရှ တစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်က ထိပ်တန်းဆန်တင်သွင်းသူဖြစ်ခဲ့ပြီး အဲဒီ နောက်မှာ အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ နိုက်ဂျီးရီးယားက ကမ္ဘာ့ဆန် အများဆုံး တင်သွင်းသူဖြစ်လာပါတယ်။( USDA) နဲ့ FAO တို့လို အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ တရုတ်နိုင်ငံဆန်တင်သွင်းမှုက ၂၀၁၂ မှာ တန်ချိန် ၂ ဒသမ ၄ သန်းအထိ ရောက်ရှိနိုင်တယ်လို့ ဆိုထားပါတယ်။ နိုက်ဂျီးရီးယားရဲ့ ပျှမ်းမျှ တစ်နှစ်ဆန်တင်သွင်းမှုက တန်ချိန် ၂ ဒသမ ၆ သန်းလောက်ရှိတာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ တရုတ်နိုင်ငံက ဆန်တန်ချိန် ၆ သန်းဝန်းကျင်လောက်သာ တင်သွင်း ခဲ့တဲ့အတွက် ယခုနှစ်မှာ လေးဆလောက် မြင့်တက်လိမ့်မယ်လို့လည်း သုံးသပ်ကြပါတယ်။
တရုတ်ဝယ်လိုအားကြောင့် ဆန်ဈေးနှုန်း မြင့်တက်နိုင်တရုတ်နိုင်ငံက အဓိကတင်သွင်းတဲ့ နိုင်ငံတွေကတော့ အိမ်နီး ချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်က ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ တန်ချိန် ၁ ဒသမ ၄၃ သန်းအထိရှိပြီး အခြားနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ပါက စ္စတန်၊ မြန်မာနဲ့ လာအိုနိုင်ငံတွေပါဝင်ပါတယ်။ တရုတ်နိုင်ငံက တင်သွင်းမှု မျှော်မှန်းမထားတဲ့ပမာဏကို ရောက်ရှိခဲ့တဲ့ အတွက် ကမ္ဘာ့ သိုလှောင်ဆန်တွေ စံချိန်တင်မြင့်တက်နေတဲ့တိုင် ဆန်ဈေးနှုန်း မြင့် တက်နိုင်တယ်လို့ FAO က သုံးသပ်ထားပါတယ်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ရဲ့ အဓိကစားနပ်ရိက္ခာဖြစ်တဲ့ ဆန်ဈေးဟာ ယခုနှစ် ချီကာဂိုဈေးကွက်မှာ ၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနှုန်းက ၂၀၁၁ စက်တင်ဘာလမှာ ဖြစ်ပေါ်တဲ့ ၃ နှစ် အတွင်း အမြင့်ဆုံးဈေးထက် ၁၆ ရာခိုင်နှုန်း လျော့နည်းလျက်ရှိသေး တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဆန်ဈေးကွက်မှာ ထိုင်းနဲ့ အိန္ဒိယလို ဆန်တင်ပို့နိုင်ငံတွေမှာ သိုလှောင် ဆန်တွေများပြီး ရောင်းအားကောင်း နေခဲ့လို့ ဆန်ဈေး ကျဆင်းနေခြင်းကိုတော့ တရုတ်ဝယ်လိုအားက ဈေးထိန်းညှိသလို ဖြစ်သွားတဲ့အတွက် အခြား ဗီယက်နမ်၊ ပါကစ္စ တန်နဲ့ မြန်မာတို့လို တင်ပို့နိုင်ငံ တွေအတွက်တော့ ဆန်တင်ပို့ဈေး ခံသာာနိုင်တဲ့အနေအထားကို ရောက်ရှိခဲ့တာတွေ့ရမှာပဲ ဖြစ်ပါတယ်။
ပြည်တွင်းနဲ့ ပြည်ပဆန်ဈေး ကွာဟမှုကြောင့် တင်သွင်းမှုတိုးလာဒီနှစ် တရုတ်နိုင်ငံ ဆန်တင်သွင်းမှု တစ်ရှိန်ထိုး မြင့်တက်လာ ခြင်းနဲ့ပတ်သက်လို့ ဘေဂျင်းရှိ Shennong Kexin Agribusiness Consulting မှ သုတေသီ Bai Peipei မှ သုံးသပ်ရာမှာ တရုတ်နိုင်ငံ အတွင်း ဆန်ပြတ်လပ်ခြင်းကြောင့် အခုလို တင်သွင်းမှု မြင့်တက်ရ ခြင်းမဟုတ်ဘဲ ပြည်တွင်းပြုပြင် ထုတ်လုပ်သူ တွေက ပြည်တွင်းဆန် ဈေးနဲ့ ပြည်ပဈေးအကြား ကွာဟမှုအတွက် အကျိုးအမြတ်ရယူဖို့ တင်သွင်းကြ တာကြောင့်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ ဟူပေ့ (Hubei) ပြည်နယ်မှာ လုံးပုဆန်ဈေးက စက်တင်ဘာလမှာ တစ်တန် ယွမ် ၃၉၀၀ (ကန်ဒေါ်လာ ၆၂၅) ရှိနေပြီး အဲဒီကာလ ဗီယက်နမ်နိုင်ငံရဲ့ ဈေးအကြီးဆုံးဖြစ်တဲ့ ၅ မှတ်ဆန်ဈေးက တစ်တန် ကန်ဒေါ်လာ ၄၅၁ သာရှိခဲ့ပါတယ်။ နိုဝင်ဘာလမှာ ကန်ဒေါ်လာ ၄၄၆ ကို ကျ ဆင်းခဲ့ပြီး ထိုင်း ၅ မှတ်ဆန်ဈေးက ကန်ဒေါ်လာ ၅၉၈ ဈေးသာ ရှိတယ်လို့ FAO စာရင်းတွေအရ သိရပါတယ်။ အဲဒီလို ပြည်တွင်း ဈေးနဲ့ ပြည်ပဈေးကွာဟမှုများနေတဲ့အတွက် တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ်တွေက အချို့သော ပြုပြင်ထုတ်လုပ်သူတွေဟာ အကျိုး အမြတ်ပိုရတာကြောင့် ပြည်တွင်းဆန ်ထက် ပြည်ပဆန်တွေကို ရွေး တင်သွင်းကြတယ်လို့လည်း Bai Peipei က ဆိုပါတယ်။
အစိုးရရဲ့ စားနပ်ရိက္ခာမူဝါဒကြောင့် ပြည်တွင်းဈေးတက်ပြည်တွင်းဆန်ဈေး မြင့်တက်လာခြင်းက အစိုးရရဲ့ စားနပ် ရိက္ခာမူဝါဒကြောင့်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့အတွက် တောင်သူတွေ စပါးစိုက်ပျိုးမှုကို အထောက်အပံ့ဖြစ်စေဖို့ ဈေးနှုန်း အမြင့်နဲ့ တောင်သူ တွေဆီက စပါးကို အနိမ့်ဆုံးဈေး သတ်မှတ်ပြီး နှစ်စဉ် ဝယ်ယူရာမှာ ဈေးနှုန်းတိုးမြှင့်ခဲ့ တာဟာဆိုရင် ငါးနှစ်ဆက် တိုက်ရှိသွားပြီလို့ သိရပါတယ်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံ အတွက် စားနပ် ရိက္ခာ ဖူလုံကြွယ် ဝစေဖို့ နိုင်ငံမူဝါဒရေးဆွဲသူတွေက တောင်သူများ စပါးပိုစိုက်ဖို့ အထူးအလေးထား အားပေး လျက်ရှိရာ အထူးသဖြင့် အမေရိကန်နဲ့ ရုရှားမှာ မိုးခေါင်ခြောက်သွေ့ပြီး ဈေးနှုန်း တွေ မြင့်တက် လာတဲ့ အချိန်မှာ ပိုမိုဆောင်ရွက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အနိမ့်ဆုံးထောက်ပံ့ဈေးတွေ သတ်မှတ် ရာမှာ ရာသီ အလယ်ပိုင်းနဲ့ ရာသီနှောင်းပိုင်း စပါးတွေအတွက် ပြီးခဲ့တဲ့နှစ်ထက် ၁၆ ဒသမ ၈၂ ရာခိုင်နှုန်းတိုးပြီး တစ်တန် ယွမ် ၂၅၀၀ (ကန်ဒေါ်လာ ၃၉၄)၊ ဂျပွန်နီကာ မျိုးရင်းစပါးအတွက် ပြီးခဲ့တဲ့နှစ်ထက် ၉ ဒသမ ၃၈ ရာခိုင်နှုန်းတိုးပြီး တစ်တန် ယွမ် ၂၈၀၀ (ကန်ဒေါ်လာ ၄၄၁) သတ်မှတ်ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
ဈေးနှုန်းဈေးကွက်နဲ့ ထုတ်လုပ်မှုက တရုတ်ဆန်တင်သွင်းမှု အလားအလာကို ဆုံးဖြတ်တရုတ်အစိုးရဟာ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေဖို့အတွက် ပြည်တွင်းထုတ်လုပ်မှုတိုးတက်စေဖို့ စိုက်ပျိုး ရေးနည်းပညာ၊ ခေတ်မီ ဆန်းသစ်တဲ့ စက်ပစ္စည်းများ၊ အထူးအထွက်တိုး စပ်မျိုးစပါးများ အပြင် ဈေးနှုန်း ထောက်ပံ့မှုတွေနဲ့ ဘက်ပေါင်းစုံ ဆောင်ရွက်လျက် ရှိတာတွေ့ရပါတယ်။ ဒါပေမဲ့ တစ်နှစ်ထက် တစ်နှစ် တိုးလာတဲ့ လူဦး ရေ၊ စက်မှုထွန်းကားလာတာနဲ့အမျှ သီးနှံစိုက်ဧရိယာလျော့နည်းမှု၊ ရာသီဥတု ပြောင်းလဲမှု၊ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးတွေအရတော့ စားနပ်ရိက္ခာက မရှိမဖြစ်လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ပမာဏအနည်းအများသာ ကွာခြားမှာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ သုတေသ ီတစ်ဦးသုံး သပ်သလို လက်ရှိအခြေအနေအရ ပြည်တွင်း ဆန် ပြတ်လပ်လို့မဟုတ်ဘဲ ဈေးနှုန်းကွာခြားမှုကြောင့်သာ ဆန်တင် သွင်းမှု မြင့်တက်တာမှန်ရင်တော့ ဈေးနှုန်းကွာဟမှု ကျဉ်းမြောင်းတဲ့ ကာလမှာ တင်သွင်းမှု လျော့ကျနိုင်တဲ့ အခြေအနေရှိနေတာ တွေ့ရပါ တယ်။ ဒါပေမဲ့ အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းချက ်ကတော့ လာမယ့်နှစ်မှာလည်း ဆန်တန်ချိန် နှစ်သန်းလောက် တင်သွင်းရဦး မယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ လာမယ့်နှစ် တရုတ်နိုင်ငံ ဆန် ထုတ်လုပ်၊ တင်သွင်းမှုကိုတော့ ဖြစ်ပေါ်လာမယ့် ရာသီဥတု၊ ဈေး ကွက်ဈေးနှုန်းတို့ကို စောင့်ကြည့်ရမှာဖြစ်ကြောင်းပါ။
