ပြည်တွင်း ဆန်စပါးဈေးကွက် အများစု ဈေးငြိမ်နေ

ရန်ကုန်တိုင်းဒေသကြီး ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှ ဧည့်မထ ဆန် (လတ်စ) တစ်အိတ်ဈေး ၁၃၀၀၀ ကျပ်၊ ပေါ်ဆန်းဆန်(လတ်စ) တစ်အိတ် ၁၆၀၀၀ ကျပ်ဖြင့် ယခင်အပတ်တိုင်း ဈေးငြိမ်နေပါတယ်။ စပါးသစ်ပေါ်ချိန် ဆန်ပေါချိန် ဆန်ကြမ်း အရောင်းအဝယ် ထိုင်းသွား ပြီး၊တရုတ်လိုင်းကလည်းယခင်ကလောက် မဆွဲတော့ကြောင်း၊ မြဝတီ လိုင်းဘက်ကလည်း အဆွဲရပ်နေတာကြောင့် ဖြစ်ပါတယ်။ ဆန်ချော အနေနဲ့ ပြည်တွင်းမိုးမိစပါးများကို အရည်အသွေးကောင်းဆန်များ ဖြစ်စေရန်၊ အခြောက်ခံစက်သုံးခြင်း၊ ခြွေလှေ့ခြင်း၊ နေလှန်း အခြောက်ခံ ခြွေလှေ့ခြင်းများ ပြုလုပ်ရခြင်းကြောင့် စရိတ်ပိုလာလို့ ဆန်ဈေးမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

မန္တလေးမြို့ရဲ့၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ စပါး၊ ဆန် ဈေးကွက်မှာ ဧည့်မထ စပါးဈေး တစ်တင်း ၄၁၀၀ ကျပ်၊ ဧည့်မထ ဆန်(လတ်စ)တစ်အိတ် ၁၅၅၀၀ ကျပ်၊ပေါ်ဆန်းဆန် (လတ်စ) တစ် အိတ် ဈေး ၂၂၀၀၀ ကျပ်နဲ့ ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲ မှု မရှိပါ။ စပါးသစ်ပေါ်ချိန်ဖြစ်လို့ ဆန်ဝင်ရောက်မှုများပေမဲ့ တရုတ် ဝယ်လက်အဆွဲနည်းပြီး စပါးဈေးဆန်ဈေးငြိမ်နေပါတယ်။ အရောင်း အဝယ်မှာ ပုံမှန်သာရှိပါတယ်။ ပြည်မြို့ရဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ စပါး၊ ဆန်ဈေး ကွက်မှာဧည့်မထစပါးဈေးတစ်တင်း ၃၂၂၀ ကျပ်၊ ဧည့်မထအလတ်စ တစ်အိတ် ၁၂၁၀၀ ကျပ်၊ ပေါ်ဆန်း ဆန်(လတ်စ) တစ်အိတ်ဈေး ၁၈၀၀၀ ကျပ်နဲ့ ယခင်အပတ်ထက် စပါး၊ ဆန်ဈေးနှုန်း အနည်းငယ် ကျသွားခဲ့ပါတယ်။ ဝယ်လက်နည်းပါးတဲ့အတွက် ဈေးအနည်းငယ် ကျဆင်းခဲ့ပြီးအရောင်းအဝယ်အနည်းငယ်အေးနေပါတယ်။ ပေါ်ဆန်း ဆန်အသစ်မှာ ဈေးကွက်ကို စတင်ဝင်ရောက် လာတဲ့အတွက် ဆန် ဟောင်းသာ အရောင်းအဝယ်များနေပါတယ်။ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ(မနော်) စပါးဈေးတစ်တင်း ၄၆၀၀ ကျပ် ဧည့်မထ (မနော်) အလတ်စ ဆန်တစ်အိတ် ၁၉၀၀၀ ကျပ်၊ ပေါ်ဆန်း ဘေးကြား စပါးဈေး တစ်တင်း ၆၈၀၀ ကျပ်၊ ဆန်တစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်အပတ်နဲ့ယှဉ်ရင် ဧည့်မထ(မနော်)ရဲ့ စပါး၊ ဆန်ဈေးအနည်းငယ်တက်လာပါတယ်။ မနော်စိုက်ဧက နည်းပါးတဲ့ အတွက် စပါးဈေးမှာပဲ အရောင်းအဝယ်ဖြစ်ပြီး ဆန်ဈေးကွက်ကို ပေါပေါများများ ဝင်မလာတဲ့အတွက် ဆန်ဈေးအနည်းငယ် မြင့်လာပါတယ်။ ပေါ်ဆန်းဘေးကြား ဆန်အသစ်များ လှိုင်လှိုင် ဝင်လာပေမဲ့ လှောင်လက်ဝယ်လိုအား ရှိသော်လည်း တောင်သူများ ကြိုက်ဈေးမရလို့ အရောင်းအဝယ်အေးနေပါတယ်။ ဟင်္သာတမြို့ရဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေးတစ်တင်း ၂၉၀၀ ကျပ်နဲ့ ဆန်လတ်စ တစ်အိတ် ၁၀၈၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၂၁၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်ပတ်နဲ့ယှဉ်ရင် ဧည့်မထ ဆန်ဈေး အနည်းငယ်ကျပါတယ်။ ဒေသတွင်းဖြစ်တဲ့ လေးမျက်နှာ၊ အင်္ဂပူမြို့များမှ စီးဝင်မှုရှိနေတဲ့အတွက် ဖြစ်ပါတယ်။ လှောင်လက် သမားများအနေနဲ့ ဝယ်လိုအားရှိပေမဲ့ တောင်သူများက ကြိုက်ဈေး မရလို့ မရောင်းလိုပေမဲ့ ငွေကြေးလိုအပ်သူများအနေနဲ့ ရောင်းရတာ ကြောင့် ရောင်းဝယ်မှုအသင့်အတင့် ရှိနေပါတယ်။MIRT - MAPT