မြန်မာ့ရိုးရာအနေနဲ့ မရှိမဖြစ်တဲ့ ကောက်ညှင်း

ကောက်ညှင်းဆန်များ လှိုင်လှိုင်ထွက်ပေါ်ချိန် ယခုအခါမှာ ဒေသအစားအစာ ဝါးပေါင်းညှင်း၊ ခေါ ပုတ်များ သုံးစွဲမှုများပြားတာကို တွေ့ရပါတယ်။ တစ် ဆယ့်နှစ်ရာသီလုံး ဗမာလူမျိုးတွေရဲ့ဓလေ့ဖြစ်တဲ့ ဘုရား ပွဲတွေရှိနေရာ အညာဘုရားပွဲမုန့်ပြုလုပ်ရာမှာ ကောက် ညှင်းမှုန့်က အဓိကပါဝင်ပါတယ်။ တောင်ပေါ်ဒေသ တွေမှာ ကောက်ညှင်းဆန်ကို အရက်ချက်လုပ်ရာမှာ လဲ အသုံးပြုကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကောက်ညှင်းအဓိက စိုက်ပျိုးရာ ဒေသများကတော့ ချင်းတွင်းမြစ်အထက် အညာကလေး၊  မော်လိုက်၊ ဖောင်းပြင်ဘက်များနဲ့ ကောလင်း၊ အင်းတော်၊ ကသာ ဒေသများဖြစ်ပါတယ်။ အဓိကစိုက်ပျိုးထွက်ရှိတဲ့ ကော လင်းမြို့နယ်မှာ စပါးစိုက်ဧက ၈ သောင်းခန့် အနက် ကောက်ညှင်းစိုက်ဧက ၂၉၀၀ ကျော်ရှိတာကိုတွေ့ရပြီး တစ်ဧကကို တင်း ၅၀ ထွက်ရှိကြောင်း သိရပါတယ်။

စပါးအထွက်နှုန်းလောက်မရပေမယ့် မိုးခေါင်ဒဏ် ခံနိုင်ပြီး တစ်အိတ်ကို ၁၉၀၀၀ ကျပ်နဲ့ ဈေးကောင်းရ လျက်ရှိပါတယ်။ ကောလင်းကနေ မန္တလေးကို အဓိက တင်ပို့လျက်ရှိပြီး တစ်ရက်ကို အိတ်ရေ ၂၀၀ ခန့် စီး ဆင်းမှုရှိနေပါတယ်။ကောက်ညှင်းစပါးစိုက်ဧကက သီးသန့်မပေါ်ဘဲ စပါးစိုက်ဧက စာရင်းထဲမှာ ပါဝင်နေရာ ဆန်ထွက် ထိခိုက်မှာစိုးလို့ ကောက်ညှင်းစိုက်ပျိုးမှုကို ကန့်သတ် ထားရတာမျိုးရှိခဲ့ပါတယ်။ အထွက်တိုး ကောက်ညှင်း က တစ်ဧကကို ၆၅ တင်းထွက်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကောက်ညှင်းဆန်ဟာ တိုင်း ရင်းသားများ စားသုံးမှုများပြားလို့ စပါးစိုက်ဧကလည်း မထိခိုက်အောင် အထူးအထွက်တိုးမျိုး ပြောင်းလဲစိုက် ပျိုးဖို့ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရ ပါတယ်။                    ရီလင်းထွဋ်-မုံရွာ