၂၀၁၃ ခုနှစ် ကမ္ဘာ့ဆန်ကုန်သွယ်မှုပမာဏသည် ၂၀၁၂ ခုနှစ် စံချိန်တင် ပမာဏအောက် လျော့နည်းသွားနိုင်

၂၀၁၂ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း ကမ္ဘာ့ဆန်ကုန်သွယ်မှုဟာ တန်ချိန် ၃၈ ဒသမ ၅ သန်းအထိ စံချိန်တင် ရောက်ရှိခဲ့ တယ်။ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ ဆန်တင်ပို့မှုစံချိန်တင်မြင့်မားခြင်း ၊ အနောက်အာဖရိကနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆန် တင်သွင်းမှု စံချိန်တင်မြင့်မားခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့ဆန်ကုန်သွယ်မှုပမာဏဟာ စံချိန်တင်မြင့်မားခဲ့ခြင်း ဖြစ်တယ်။ ၂၀၁၂ ခုနှစ်အတွင်း အနောက်အာဖရိကရဲ့ ဆန်တင်သွင်းမှုစံချိန်တင်မြင့်မားရခြင်းမှာ ဆန်ထုတ် လုပ်မှု လျော့ နည်းခြင်းကြောင့် ပြည်ပမှ ဝယ်ယူတင်သွင်းရခြင်း မဟုတ်ကြောင်း၊ အိန္ဒိယရဲ့ ဆန်တင်ပို့ မှု ဈေးနှု န်း လျော့နည်းခြင်းကြောင့် ဝယ်ယူထားခြင်း ဖြစ်ကြောင်း၊ ဒါကြောင့် ၂၀၁၃ မှာ ဆန်အမြောက် အမြားရှိနေ ပြီဖြစ်ရာ  ပြည်ပမှ များစွာတင်သွင်းဖို့ မလိုတော့ကြောင်း၊ အနောက်အာဖရိကနဲ့ တရုတ်နိုင်ငံတို့မှာ ဆန်သိုလှောင်ထား မှုနဲ့ထွက်ရှိမှုမြင့်မားနိုင်ရာ ၂၀၁၃ ခုနှစ်မှာ ဆန်တင်သွင်းမှု ကျဆင်းသွားနိုင်ကြောင်း၊ ဒါ့ကြောင့် ကမ္ဘာ့ဆန် ကုန်သွယ်မှုလည်း လျော့နည်းသွားကာ တန်ချိန်ပေါင်း ၃၆ သန်းသာရှိလိမ့် မယ်လိ့ု အမေရိကန် လယ်ယာ စိုက်ပျိုးရေးဌာန (USDA) ရဲ့ စီးပွားရေးသုတေသန ဝန်ဆောင်မှုလုပ်ငန်းမှ ဝါရင့်ဈေးကွက် သုတေသီ Nathan Childs က ခန့်မှန်းထားတယ်။                                                       ပပ