၂၀၁၃ ခုနှစ်တွင် ဗီယက်နမ်ဆန် တန် ၇ ဒသမ ၅ သန်းကျော် တင်ပို့သွားမည်
ဗီယက်နမ်ဆန်တင်ပို့သူများဟာ ၂၀၁၃ ခုနှစ်မှာ အနည်း ဆုံးဆန်တန်ချိန် ၇ ဒသမ ၅ သန်းကျော်တင်ပို့ သွားရန်မျှော် မှန်းထားပါတယ်။ ယမန်နှစ်တင်ပို့မှုထက်တော့လျော့နည်း နိုင်တယ်လို့ ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA- Vietnam Food Association) ဥက္ကဋ္ဌ Truong Thanh က ဇန်နဝါရီလ ၇ ရက် ဟိုချီမင်းမြို့တော်မှာ ကျင်းပ တဲ့ ညီလာခံမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ မှာအာရှ တိုက်ကိုကြည့်လျှင် ထုတ်လုပ်မှုပိုမိုပြီး လိုအပ်ချက်လျော့ နည်း နိုင်မယ်လို့လည်း Phong က ပြောကြားခဲ့ပါတယ်။
အမေရိကန်စိုက်ပျိုးရေးဌာနက ၂၀၁၃ ခုနှစ်မှာ ဆန် တန်ချိန် ၃၆ သန်းကျော်ကုန်သွယ်မှုပြုနိုင်မယ်လို့ ဟောကိန်း ထုတ်ပြောကြားပြီး ၂၀၁၂ ခုနှစ်ထက် ၆ ရာခိုင်နှုန်းကျော် လျော့နည်းနိုင်တယ်လို့ဆိုပါတယ်။ VFA ကတော့ ၂၀၁၃ ခုနှစ်ပထမလေးလပတ်မှာတော့ ချုပ်ဆိုတဲ့စာချုပ် အချို့ အတွက် ဗီယက်နမ်ဆန်တင်ပို့သူများ အခက်အခဲနဲ့ ကြုံတွေ့ရ ဖွယ်ရှိတယ်လို့ ဟောကိန်းထုတ်နေပါတယ်။ ဆောင်းဦးပေါက် သီးနံှဟာ ဖေဖော်ဝါရီလမှာ ရိတ်သိမ်းတော့မှာဖြစ်တဲ့အတွက် ပုံမှန်ထက်တစ်လစောနိုင်တယ်လို့သိရပါတယ်။ ဗီယက်နမ် မိရိုးဖလာဈေးကွက် များဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံ တွေမှာ ၎င်း တို့နိုင်ငံအနေနဲ့ စပါးထွက်ရှိမှုပိုမိုလာနိုင် ခြေရှိတယ်လို့ တွက်ဆလျက်ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဗီယက်နမ်ဆန်ကို အာရှမှ ၇၁ ရာ ခိုင်နှုန်းနဲ့ အာဖရိကမှ ၂၁ မှ ၂၃ ရာခိုင်နှုန်းခန့်ထိဝယ်ယူ နိုင် ဖွယ်ရှိတယ်လို့ Phong ကပြောပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဆန်တန် ၇ ဒသမ ၆ သန်းကျော် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ပထမလေးလပတ်မှာ ဆန်တန် ၁ ဒသမ ၄ သန်းကျော် တင်ပို့နိုင်မယ်လို့ VFA ကခန့်မှန်းလျက် ရှိပါတယ်။ ကြိုတင်ခန့်မှန်းလို့ရနိုင်တဲ့ အခက်အခဲများ ရှိနေသော် ငြားလည်း ဗီယက်နမ်ဆန်တင်ပို့သူများအနေနဲ့ အရည် အသွေး ကောင်းအာမခံချက်ရှိသောဆန်များတင်ပို့နိုင်မှသာ ဈေးကွက်အသစ်အများအတွက် အလားအလာ ကောင်းများ ရရှိစေ နိုင်မယ်လို့ An Giang Import -Export ကုမ္ပဏီမှ ဒါရိုက်တာ Nguyen Vam Tien ကထောက်ပြပြော ဆိုခဲ့ပါတယ်။ VFA က စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ အာဖရိကနိုင်ငံများနဲ့ ကုန်သွယ်မှု တိုးမြှင့်ေ ရး ဆောင်ရွက်သင့် ကြောင်းနဲ့ တရုတ်နိုင်ငံနဲ့ပိုမိုတိုးမြှင့်ဝယ်ယူရေး ညှိနှိုင်း ဆောင် ရွက်သင့်တယ်လို့ အကြံပြုေြ ပာကြားခဲ့ ပါတယ်။ တရုတ်နိုင်ငံ ဟာ ၂၀၁၂ ခုနှစ်မှာ ဗီယက်နမ်ဆန်အများဆုံးဝယ်ယူ တင် သွင်းခဲ့ပါတယ်။ CMK
