ပြည်တွင်း ဆန်၊ စပါးဈေးကွက် အများစု တက်ရိပ်ဖြစ်နေ

ရန်ကုန်တိုင်းဒေသကြီး ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့စပါး၊ ဆန် ဈေးကွက်မှာ ဧည့်မထ ဆန်လတ်စ တစ်အိတ် ၁၄၀၀၀ ကျပ်၊ ပေါ်ဆန်းဆန် လတ်စ တစ် အိတ် ၁၇၅၀၀ ကျပ်ဖြစ်ပြီး၊ ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ဈေးအနည်း ငယ်တက်လာပါတယ်။ ယခုကာလ ဟာ ပေါ်ဆန်းေ ဘးကြားလေး ဆန်အသစ်များ လှိုင်လှိုင်ပေါ်ခဲ့ပြီး အစိုဓါတ်ပါဝင်မှုလည်း လျော့ပါး သွားပြီးဖြစ်၍ အဝယ်များပြီး အသိမ်းများ နေကြောင်း၊ ကုမ္ပဏီများကို ပေးသွင်းဖို့ စပါး၊ ဆန်ဝယ်ယူနေခြင်း၊အရန်ဆန်တန် ၃၀၀၀၀ ထပ်မံ ဝယ်ယူရန် စီစဉ်နေခြင်း၊ လှောင်လက်များမှလည်း ဝယ်လှောင်လာ ခြင်းတို့ကြောင့် စပါးနဲ့ဆန်ကြမ်းဈေးများ ပါတက်လာရခြင်း ဖြစ် ကြောင်း၊ တရုတ်လိုင်းမှလည်း ယခင်တစ်ပတ်ထက် ပြန်ဆွဲလာခြင်း ကြောင့် လည်းကောင်း၊ အနည်းငယ်ဈေး တက်လာခြင်းဖြစ်ပါတယ်။ ဆန်ချောမှာမူ ဈေးအရမ်းမတက်မီ ဝယ်လှောင်သမား များ ကြောင့် ဈေးအနည်းငယ် ဆက်တက်နိုင်သေးကြောင်း ပွဲရုံပိုင်ရှင်များနဲ့ Exporter  များထံမှ စုံစမ်းသိရှိ ရပါတယ်။

ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ စပါး၊ ဆန် ဈေးကွက်မှာ ဧည့်မထ (မနော်) စပါးဈေးတစ်တင်း ၄၇၀၀ ကျပ်၊ ဧည့်မထ (မနော်) လတ်စဆန် တစ်အိတ် ၁၉၅၀၀ ကျပ်၊ ပေါ်ဆန်း ဘေးကြား စပါးဈေး တစ်တင်း ၇၀၀၀ ကျပ်၊ လတ်စဆန်တစ်အိတ် ၂၄၅၀၀ ကျပ်ဖြစ်လို့ယခင်အပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးအနည်းငယ် တက်လာပါတယ်။ ဧည့်မထ(မနော်)က ပစ္စည်းရှားတဲ့အတွက်ကြောင့် ဖြစ်ပြီး ပေါ်ဆန်း(ဘေးကြား) စပါးအ ထွက်နှုန်းနည်းတဲ့အတွက် စပါး ကောင်းတာရှားလို့ ပေါ်ဆန်း(ဘေးကြား)ကို လှောင်လက်သမားများ အဝယ်လိုက်ကာ ဝယ်ချင်တဲ့သူပဲရှိပြီး ရောင်းချင်သူမရှိဘူးလို့ သိရပါ တယ်။ စက်ပိုင်များကလည်း ၇ သိန်းထက်ကျော်မယ်ဆိုရင်တော့ ဆန်ဈေးနဲ့ မကိုက်လို့ မကြိတ်နိုင်ကြောင်း ပြောတယ်လို့သိရပါတယ်။ ပြည်မြို့ရဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၁၂၈ ကျပ်၊ ဧည့်မထ လတ်စဆန်တစ်အိတ် ၁၁၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၁၈၀၀၀ ကျပ်ဖြစ်ပါ တယ်။ ယခင်ပတ်နဲ့ယှဉ်ရင် ဧည့်မထစပါးဈေး၊ ဆန်ဈေးအနည်းငယ်ကျပြီး ပေါ်ဆန်းဆန်ဈေးငြိမ်နေပါတယ်။  အရောင်းအဝယ်လည်းအေးနေပါတယ်။ ပေါ်ဆန်းဆန် အသစ်ဝင် လာသော်လည်း အဟောင်းကိုသာ စားသုံးမှု များတဲ့အတွက် ဈေးငြိမ် နေကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ လတ်စဆန်တစ်အိတ် ၁၆၀၀၀ ကျပ်၊ပေါ်ဆန်း ဆန်လတ်စတစ်အိတ် ၂၅၀၀၀ကျပ်နဲ့ ယခင် တစ်ပတ်ကထက် ဆန်ဈေးအနည်းငယ်တက်လာပြီး၊ အရောင်းအဝယ် လည်းသွက်လာပါတယ်။ လှောင်လက်တွေ ဝယ်ယူမှု များ နေတာ ကြောင့် ဈေးတက်လာခြင်းဖြစ်ပြီး၊ တောင်ကြီးဈေးကွက်မှာ ယခု လောလောဆယ် ဧရာဝတီ တိုင်း ဒေသကြီးကဝင်တဲ့ ပေါ်ဆန်း ဆန် တွေသာရှိနေပါသေးတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့က ထွက်တဲ့ ပေါ်ဆန်းဆန်တွေသာ ဈေးကွက်ကို ဝင်လာရင်တော့ ရွှေဘိုပေါ်ဆန်းကပိုပြီး အရောင်းသွက်တယ်လို့ သိရပါတယ်။ ရွှေဘိုပေါ်ဆန်းကလည်း လတ်တလောမှာ အနည်းငယ်သာအဝင် ရှိပြီး တစ်အိတ်ကို ၂၉၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ မွန်ပြည်နယ်ရဲ့ ဒေသထွက် ဧည့် မထစပါးဈေး တစ်တင်း ၃၇၀၀ ကျပ်၊ ဧည့်မထဆန် လတ်စတစ်အိတ် ၁၃၀၀၀ ကျပ်၊ ပေါ်ဆန်းစပါးဈေး တစ်တင်း ၄၄၀၀ ကျပ်၊ ပေါ်ဆန်း ဆန်လတ်စတစ်အိတ် ၁၆၅၀၀ ကျပ်နဲ့ ယခင်တစ်ပတ်အတိုင်း ဆန်ဈေး၊ စပါးဈေးငြိမ်နေပါတယ်။ ရောင်းဝယ်မှုအခြေအနေကတော့ ဆန်ဟောင်း၊ စပါးဟောင်းများ ကုန်သည် ဝယ်လက်မရှိတော့ဘဲ ဆန်သစ်၊ စပါးသစ်များကိုသာ သုံးစွဲလာကြသဖြင့် အရောင်းအဝယ် သွက်နေကြောင်း သိရပါတယ်။                            MIRT - MAPT