မြဝတီနဲ့ တမူးဒေသ ဆန်ဈေးအနည်းငယ်ကျဆင်းပြီး ကျန်ဒေသဆန်ဈေးများ တည်ငြိမ်လျက်ရှိ

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် မြဝတီနဲ့ တမူးနယ်စပ်ဒေသရှိ ဆန်ဈေး များအနည်းငယ်ကျဆင်း လာတာကိုတွေ့ရပြီးကျန်စခန်းအသီးသီးတွင် ယခင်အပတ် ဆန်ဈေးနှုန်း အတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပါတယ်။ မြဝတီနယ်စပ်မှာ ယခင်အပတ်က ဧည့်မထ ဆန် ၁ ပြည်ကို ၁၁၀၀ိ/- ဈေးရှိခဲ့ရာမှ ယခုအပတ်မှာ ၁၀၀၀ိ/ သို့ အနည်းငယ်ကျဆင်းခဲ့ပြီး တမူးနယ်စပ်မှာ ယခင်အပတ်က ဧရာမင်း ဆန် ၁ ပြည်ကို ၉၀၀ိ/-ဈေးရှိခဲ့ရာမှ ယခုအပတ်တွင် ၈၅၀ိ/-သို့ ကျခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ နယ်စပ်ဒေသမြို့များရှိ ဆန် ၁ ပြည်ပေါက် ဈေးများကို Commerce  Journal စာဖတ်ပရိတ်သတ်များအား အသိပေး လိုက်ရပါတယ်။ ပေါ်ဆန်းမွှေး ၁ ပြည်ကို မူဆယ်မှာ ၁၆၅၀ိ/-၊ လွယ်ဂျယ်မှာ ၁၇၉၂ိ/-၊ ချင်းရွှေဟော်မှာ ၂၀၀၀ိ/-၊ ကော့သောင်းမှာ ၁၇၀၀ိ/-၊ မြိတ်မှာ ၁၃၀၀ိ/-၊ စစ်တွေမှာ ၈၀၀ိ/-ဈေး အသီးသီးရှိပါတယ်။ ဧည့်မထဆန် ၁ ပြည်ကို တာချီလိတ်ဒေသမှာ ၈၅၃ိ/-၊ မြဝတီဒေသမှာ ၁၀၀၀ိ/-၊ မောင်တောေ ဒသမှာ ၈၀၀ိ/- ဈေးရှိပါတယ်။ ဧရာမင်းဆန် ၁ ပြည်ကို တမူးနယ်စပ်ရှိ ၈၅၀ိ/-နဲ့ ရိဒ်နယ်စပ်မှာ ၉၁၀ိ/- ကျပ်ဈေးအသီးသီးဖြစ်ကြောင်း သိရပါတယ်။MIRT (DOBT)