၂၀၁၃ ခုနှစ်အတွင်း ဆန်ရောင်းလိုအားမြင့်မားလာပါက ဈေးနှုန်းကျဆင်းနိုင်

ဆန်ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများဟာ လက်ကျန်ဆန် တွေကို ရှင်းလိုတဲ့ဆန္ဒနဲ့ အပြိုင်အဆိုင် ရောင်းချလာ မယ် ဆိုပါက ၂၀၁၃ ခုနှစ်အတွင်း ဆန်ဈေးနှုန်းများ ကျဆင်းဖွယ် ရှိတယ်လို့ နိုင်ငံတကာ ဆန်သုတေသန သိပ္ပံ(IRRI) မှဝါရင့် စီးပွားရေးပညာရှင်  Dr.Samanendu Mohanty   က ပြော ကြားတယ်။

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးအိန္ဒိယ ရဲ့ ၂၀၁၃ ခုနှစ်အစပိုင်း ဆန်သိုလှောင်ထားမှု ပမာဏမှာ တန်ချိန် ၃၂ ဒသမ ၂ သန်းဝန်းကျင်ရှိနေပြီး နိုင်ငံအတွက် လိုအပ်တဲ့ စံသတ်မှတ်ပမာဏထက် ၂ ဒသမ ၃ ဆကျော်ပိုမို နေတယ်။ ထိုင်းနိုင်ငံမှာလည်း ဆန်သိုလှောင်ထားမှု ပမာဏ တန်ချိန် ၁၂ သန်းဝန်းကျင်ရှိနေတဲ့ အပြင် နောက်ထပ် ဆန် တန်ချိန် ၁၂ သန်းဝန်းကျင်ကိုလည်း ယခုနှစ်အတွင်း အစိုးရ က သိုလှောင်သွား ဦးမှာ ဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လို အားရှိလာခဲ့သော်လည်း အဆိုပါ နှစ်နိုင်ငံရဲ့ ဆန်သိုလှောင်မှု ပမာဏမြင့်မားေ နမှုကြောင့်  ဈေးနှုန်းကို မြှင့်တင်နိုင်စွမ်းရှိလိမ့် မှာ မဟုတ်ကြောင်း ခန့်မှန်းကြတယ်။                 ပပ