၂၀၁၃ တွင် တရုတ်ဆန်ဈေးကွက်အတွင်း ထိုင်းဆန်များ ဝယ်လိုအားပျောက်နိုင်
အာရှမှ ဆန်တင်ပို့သူတွေအနေနဲ့ တရုတ်နိုင်ငံကို ဆန်များ တင်ပို့နိုင်ဖို့ ဈေးကွက်ဝေစုလုလာကြတယ်။ ၂၀၁၃ ခုနှစ် အတွင်း တရုတ်နိုင်ငံအနေနဲ့ တင်သွင်းဖို့ လိုအပ်မယ့် ဆန်တန်ချိန် ၂ သန်းကျော်ရှိနိုင်တာကြောင့် တရုတ်နိုင်ငံက ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်သွင်းတဲ့ နိုင်ငံဖြစ်လာနိုင် ကြောင်း အမေရိကန်လယ်ယာ စိုက်ပျိုးရေးဌာန (USDA) မှ ခန့်မှန်းတယ်။ ယခင်နှစ်က တရုတ်နိုင်ငံဟာ ဗီယက်နမ် ဆန်တွေကို အဝယ်လိုက်ခဲ့ရာ ဗီယက်နမ်နိုင်ငံဟာ ထိုင်းနိုင်ငံ ထက်ကျော်ပြီး ကမ္ဘာ့ ဒုတိယအများဆုံး ဆန်တင်ပို့တဲ့ နိုင်ငံဖြစ် ခဲ့တယ်။ ၂၀၁၂ ခုနှစ်အတွင်း ဗီယက်နမ် ဆန်ဈေးကျ ကာ ဗီယက်နမ်မှ ဆန်များကို တရုတ်က ဝယ်ယူခဲ့ကာ ယခုနှစ်မှာ လည်း ဆန်တန်ချိန် ၂ သန်းဝန်းကျင်ဝယ်ယူမှာကို မျှော်လင့် ကြောင်း၊ လာမယ့်လ ဗီယက်နမ်နိုင်ငံရဲ့ ကောက်ရိတ်သိမ်း ရာသီ ပြီးနောက် တရုတ်နိုင်ငံမှ ဆန်အမြောက်အမြားဝယ်ယူ လာနိုင်ကြောင်းဗီယက်နမ်ဆန်တင်ပို့သူများမှပြောကြားခဲ့တယ်။
အိန္ဒိယနိုင်ငံရဲ့ ဈေးကွက်ယှဉ် ပြိုင်မှုကြောင့် တင်ပို့မှု လျော့ကျခဲ့တဲ့ ပါကစ္စတန်ဆန်တင်ပို့သူတွေဟာ ယခုနှစ်မှာ တရုတ်နိုင်ငံကို ဆန်တိုးမြှင့်ရောင်းချ နိုင်လိမ့်မယ်လိ့ု မျှော်လင့် ထားတယ်။ ယခုနှစ်မှာ တရုတ်နိုင်ငံမှ ဆန်ဝယ်လိုအား ဆက် လက် အားကောင်းလာမှုက မြန်မာ၊ ကမ္ဘောဒီးယားနဲ့ နီပေါ နိုင်ငံများမှ ဆန်တင်ပို့မှုသိသိသာသာ တိုးမြှင့်လာနိုင် တယ်။ ဒါပေမဲ့ ယခုနှစ်မှာ ထိုင်းဆန်ဈေးမြင့်တက်မှုကြောင့် တရုတ်မှ ထိုင်းဆန်ဝယ်ယူမှု အလားအလာမေ ကာင်းနိုင်ကြောင်း၊ ထိုင်း ၂၅ မတ် ဆန်တစ်တန်ကို ကန်ဒေါ်လာ ၅၄၀ ရှိပြီး ဗီယက်နမ်၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင် ငံတွေရဲ့ ဆန်ဈေးနှုန်းများမှာ တစ်တန်ကို ကန်ဒေါ်လာ ၃၆၀ မှ ၃၉၀ ဝန်းကျင်ရှိကြောင်း သိရတယ်။ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံကို ဆန်တန်ချိန် ၅ သန်းတိုးမြှင့်တင်ပို့ဖို့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ သဘောတူ စာချုပ် ချုပ်ဆိုဖို့ စီစဉ်လျက်ရှိတယ်။ နှင်းပန်းဖြူ
