အရောင်းအဝယ်အေး၊ ဈေးပြန်ငြိမ်နေတဲ့ ပြည်တွင်းဆန်၊ စပါးဈေးကွက်

ရန်ကုန်တိုင်းဒေသကြီး ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ဇန်နဝါရီလ ၂၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့် မထ ဆန်လတ်စတစ်အိတ် ၁၄၀၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စတစ် အိတ် ၁၈၅၀၀ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထ ဆန်ဈေးအနည်းငယ်ကျသွားပြီး ပေါ်ဆန်းဆန်ဈေးမှာ ငြိမ်နေပါ တယ်။ ယခုလ ၂၀ ရက်နောက်ပိုင်း တရုတ်လိုင်းအဆွဲ ပြန်ငြိမ် သွား ကြောင်း၊နယ်စပ်မှာအရောင်းအဝယ် လာလုပ်နေတဲ့ တရုတ်ကုန်သည် တို့ နှစ်ကူးအတွက်ပြည်မထဲပြန်သွားနေကြလို့ လုပ်ငန်းအချို့ကြိုနား ကြ၍ မူဆယ်လိုင်း အဆွဲပါးသွားပြီး ယခုရက်များ ဆန်ဈေးကွက်ပြန် အေးသွားလို့ အကျဘက်ကို အနည်းငယ်ယိမ်းသွားကြောင်းဆန်ဈေး ကွက်မှ စုံစမ်းသိရှိရပါတယ်။

ပဲခူးတိုင်းဒေသကြီးပြည်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ စပါးဈေး တစ်တင်း ၃၄၅၀ ကျပ်၊ ဧည့်မထဆန်လတ်စ တစ်အိတ် ၁၂၅၀၀ ကျပ်၊ ပေါ်ဆန်းဆန် လတ်စတစ်အိတ် ၁၈၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်း ယှဉ်ရင် ဆန်ဈေးမှာ ငြိမ်နေပြီး ဧည့်မထ စပါးဈေးအနည်းငယ် တက် လာပါတယ်။ စပါးများအဝင်မရှိတော့ဘဲ လှောင်လက်သမားများကိုင် ထားသဖြင့် ဈေးဖွင့်ပေးထားခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ စပါးဈေးတစ်တင်း ၃၃၅၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၂၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၂၃၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထ ဆန်ဈေးအနည်းငယ်ကျပါတယ်။ မန္တလေးကိုတင်ပို့မှု နည်းခြင်းကြောင့် ဖြစ်ပြီး စပါး၊ ဆန်ရောင်းဝယ်မှု ယခုတစ်ပတ်အတွင်း အနည်းငယ်အေးနေကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ (မနော်) စပါးဈေးက တစ်တင်း ၅၀၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းဘေးကြား စပါးဈေး တစ်တင်း ၇၂၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်ပတ်နဲ့ နှိုင်းယှဉ်ရင် ပေါ်ဆန်းဆန် အနည်းငယ်ကျသွားပြီး ဧည့်မထ (မနော်) ရဲ့ စပါး၊ ဆန်ဈေးက အနည်းငယ်တက်လာပါတယ်။ မနော်စပါးများ ကို ရွှေဘို မှာအစိုက်နည်းလို့ပစ္စည်းရှားပြီး၊ ဧရာမင်း၊ မနော် စပါးများကို စက်ပိုင် များအဝယ်လိုက်နေတဲ့ အတွက် ဈေးအနည်းငယ်ကြွနေကြောင်း သိရ ပါတယ်။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေးတစ်တင်း ၄၅၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၆၅၀၀ ကျပ်၊ ပေါ်ဆန်း ဆန် လတ်စ တစ်အိတ် ၂၃၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပြီး စပါးအဓိကထွက်ရှိတဲ့ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း ဈေးကွက်တွင် ဧည့်မထ စပါးဈေး အနည်းငယ်တက်လာပါတယ်။ စပါးကို ကုန်သည် တချို့နဲ့ စက်ပိုင်၊ လှောင်လက်များမှ အဝယ်လိုက်ခဲ့၍ဖြစ်ကြောင်း စုံစမ်းသိရှိရ ပါတယ်။                                     MIRT - MAPT