နယ်စပ်ဒေသများတွင် ဆန်ဈေးနှုန်းများ တည်ငြိမ်နေ
ယခုတစ်ပတ်မှာတော့ နယ်စပ်ဒေသအသီးသီးရှိ ဆန်ဈေးနှုန်းများ အပြောင်း အလဲမရှိ တည်ငြိမ်နေတာ ကို တွေ့ရပါတယ်။ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ နယ်စပ်ဒေသများရှိ ဆန် ၁ ပြည်ပေါက်ဈေးများကို Commerce Journal စာဖတ် ပရိတ်များအား အသိပေးလိုက်ရပါတယ်။
ပေါ်ဆန်းမွှေး ၁ ပြည်ကို မူဆယ်မှာ ၁၆၅၀/-၊ လွယ်ဂျယ်မှာ ၁၇၉၂/-၊ ချင်းရွှေဟော်မှာ ၂၀၀၀/-၊ ကော့သောင်းမှာ ၁၇၀၀/-၊ မြိတ်မှာ ၁၃၀၀/-၊ စစ် တွေမှာ ၈၀၀/- ဈေးအသီးသီးရှိပါတယ်။ ဧည့်မထဆန် ၁ ပြည်ကို တာချီ လိတ်မှာ ၈၅၃/-၊ မြဝတီမှာ ၁၀၀၀/-၊ မောင်တောမှာ ၈၀၀/- ဈေးရှိပါတယ်။ ဧရာမင်း ၁ ပြည်ကို တမူးနယ်စပ်မှ ၈၅၀/-နဲ့ ရိဒ်နယ်စပ်မှ ၉၀၀/- ကျပ်ဈေး အသီးသီး ဖြစ်ကြောင်း သိရပါတယ်။ ဖော်ပြပါဆန်ဈေးနှုန်းများဟာ နယ်စပ်ဒေသတွင်း စားသုံး သော လက်လီလက်ကား ဈေးနှုန်းများ ဖြစ်ပါတယ်။MIRT (DOBT)
