ဓာတ်မြေသြဇာဈေးနှုန်းများ(28-1-13)

နိုင်ငံစုံမှ မြေသြဇာ တန်ချိန်နှစ်ထောင်ကျော်ဝင်ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်အတွင်းမှာ မြေသြဇာ ၂၁၃၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော်ဖိုးကို တင်သွင်း ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ကိုရီးယားနိုင်ငံမှ မြေသြဇာက ၃၈ တန်၊ စင်ကာပူနိုင်ငံမှ ကွန် ပေါင်းမြေသြဇာ တန်ချိန် ၈၄၀ တန်၊ ဘယ်ဂျီယံမှ မြေသြဇာ ၂၁၀ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာ ၃၉၄ တန် တရုတ်နိုင်ငံမှ စူပါဖော့စဖိတ် ၆၄၈ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ မြေသြဇာအဝင်က တန်ချိန် ခြောက်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာက အဝင်လျော့ခဲ့ပါတယ်။ MIRT (DOT)

 
နှစ်ကူးမတိုင်မီ ဈေးလျော့လို့ တရုတ်ဓာတ်မြေသြဇာ အဝင်များနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ မြိတ်နဲ့ ရိဒ်တို့မှ ကန်ဒေါ်လာ ၃ ဒသမ ၁၂၀ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၄၉၂၈ တန်ခန့်ကို ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ တင်သွင်း ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၃၇၅၄ တန်ခန့်၊ ချင်းရွှေဟော်မှ တန် ၅၀၀၊ ကော့သောင်းမှ ၃၃၅ တန်၊ မြိတ်မှ ၈၅ တန်နဲ့ ရိဒ်မှ ၂၅၄ တန် အသီးသီးဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်မှ နှစ်ကူးကာလမတိုင်မီ စတော့ ရှယ်ယာဈေးဖြတ်ပြီး ဈေးလျော့ရောင်းတာကြောင့် တရုတ်နယ်စပ်မှ ဓာတ်မြေသြဇာ အဝင်များနေခြင်းဖြစ်ပါတယ်။ ဆောင်းသီးနှံဖြစ်တဲ့ နှမ်း၊ မြေပဲ၊ ကြက်သွန် စိုက်ပျိုးတဲ့ နေရာတွေမှာလည်း သုံးစွဲမှုများရှိပြီး ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ ကြီးပေါ် တွင် ရော်ဘာပင်ပေါက်များ စိုက်ပျိုးတဲ့နေရာတွေမှာလည်း သုံးစွဲမှုရှိနေတာ ကြောင့် နယ်စပ်မှဓာ တ်မြေသြဇာများ အဝင်များနေတာဖြစ်ကြောင်း မူဆယ်နယ်စပ် ကုန်သည်ကြီးတစ်ဦးထံမှ သတင်းရရှိပါတယ်။ မူဆယ်မှာ ယူရီးယား တစ်တန်ကို ၃၇၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ တစ်တန်ကို ၂၄၄၀၀၀ ကျပ်နဲ့ ၁၅ ပတ်လည် တစ်တန်ကို ၄၇၅၀၀၀ ကျပ် ဈေးပေါက်လျက်ရှိနေပါတယ်။        ဆွေဆွေဝင်း
ပုံမှန်ဈေးလေးနဲ့ပဲရှိနေဆဲ ပြည်တွင်းမြေသြဇာဈေးကွက်ဒီတစ်ပတ်မြေသြဇာဈေးကွက်များမှာ မန္တလေးမှာ အရောင်းသွက်ပြီး တောင် ကြီးမှာ ပုံမှန်ရှိပေမဲ့ မော်လမြိုင်၊ ပဲခူးဘက်မှာ အရောင်းအေးနေတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် မြေသြဇာဈေးက ပဲခူးမှာ ဈေးကျနေပေ မဲ့ မော်လမြိုင်ဘက်မှာ တော့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ မန္တလေးမြေသြဇာဈေးကွက်မှာ မြေသြဇာက ယခင်တစ်ပတ်ထက် ဒီတစ်ပတ် မှာ အရောင်းသွက်လာတယ်လို့ သိရပါတယ်။ မုံရွာ၊ ရွှေဘို၊ မကွေး စတဲ့နယ်များက အဝယ်ရှိတာကြောင့် ရောင်းအား တက်လာတယ်။ အရောင်းအဝယ်ကောင်းပေမဲ့ အာမို ၁၅ ပတ်လည်က ငါးရာကျပ်ဈေးမြင့်ပြီး ယူရီးယား(ပန်းဖူး)(တရုတ်) နှစ်ရာ ကျပ် ဈေးကျတာကလွဲလို့ ကျန်မြေသြဇာ ဈေးကငြိမ်နေတယ်လို့ မန္တလေးပွဲရုံတန်း မြေသြဇာဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ ဒီတစ်ပတ် စိုက်ပျိုးရေးပွဲရုံတန်းမှာ အရောင်းအဝယ်ဖြစ်တဲ့ မြေသြ ဇာဈေးက ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၆၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၆၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၈၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၄၀၀ ကျပ်၊ တီစူပါ (GSSP-၁၂%-တရုတ်) ၇၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၅၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၂၂၀၀ ကျပ် ဖြစ်တယ်လို့  စုံစမ်းသိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ပုံမှန်သာ ရှိတယ်လို့ သိရပါတယ်။ ဒီအချိန်မှာ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ်သီး၊ မုန်လာ ၊ မုန်ညင်း စတဲ့သီးနှံတွေကို အနည်းငယ်စိုက်ပျိုး လာတာကြောင့် မြေသြဇာရောင်းဝယ်မှုက ပုံမှန်ရှိလာတယ်။ ပုလဲမြေသြဇာက ဝယ်အားရှိလာတာကြောင့် ဒီတစ်ပတ်မှာ ငါးရာ ကျပ်လောက်ဈေးမြင့်ပြီး တီစူပါက တစ်ထောင်ကျပ်၊ ဓာတ်ဆားက နှစ်ထောင်ကျပ် ယူရီးယား (ယူအေအီး)နဲ့ မြားကမ္ဘာက ငါးရာကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးမြေသြဇာေ ဈးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးများက ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ရွှေတောင်)တရုတ်က ၁၉၀၀၀ ကျပ်၊ (ပန်းဖူး-တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၇၅၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၂၅၀၀ ကျပ်၊ ပိုးသတ်ဆေး ၂၀၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၅၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၈၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၂၅၀၀ ကျပ်ဖြစ်တယ်လို့ မြေသြဇာနဲ့ စိုက်ပျိုးရေးပစ္စည်း ရောင်းဝယ်ရေး ဆိုင်ရှင်ထံမှ စုံစမ်းသိရှိခဲ့ရပါတယ်။မော်လမြိုင်မှာ ဒီတစ်ပတ်မှာ အဝယ်အေးတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ မြေသြဇာက ဆောင်းသီးနှံ စိုက် တောင်သူကို အားကိုးပြီး ရောင်းရတာကြောင့် တောင်သူစိုက်ပျိုးမှုနည်းရင် အရောင်းအဝယ်အေးတာပဲ။ ဒီတစ်ပတ် အရောင်း အဝယ်အေးပေမဲ့ ကွန်ပေါင်း(အစိမ်း)က တစ်ထောင်ကျပ် ဈေးမြင့်လာပြီး ကျန် မြေသြဇာေ ဈးက ယခင်ဈေးပဲရှိတယ်လို့  သိရပါတယ်။ ဒီလို ဈေးမြင့်ရတာလည်း ပစ္စည်းအဝင် နည်းတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းက ပုလဲအသေး  ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေ တောင်) (တရုတ်) ၂၀၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)(ထိုင်း) ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ထိုင်း) (အစိမ်း) ၃၄၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်)က ၂၂၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။MIRT (DOT)