ဘုရင့်နောင်ဈေးကွက်
ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီကို အိန္ဒိယအဝယ်အေးပြီး ပြည်တွင်းခွဲစက် နဲ့ လှောင်လက်တွေ သာ ဝယ်အားရှိနေဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံအရောင်းအဝယ် ပြုလုပ်လိုသော ကုန်သည်ကြီးများလာရောက်မှုပုံမှန်ရှိပေ မယ့် မတ်ပဲ (RC) နဲ့ ပဲစင်းငုံနီ (RC) ကိုအိန္ဒိယအဆွဲအေးနေပြီး ပြည်တွင်းခွဲစက် များနဲ့ လှောင်လက်များကသာ ဝယ်အားပုံမှန်ရှိလို့ နေ့စဉ်အရောင်း အဝယ်ဖြစ်နေတာလို့ ဈေးကွက်မှာ ပဲအရောင်းအဝယ်လုပ်တဲ့ကုန် သည်ကြီးတစ်ဦး ကဆိုပါတယ်။ မတ်ပဲလက်ကျန်ကလည်း အထိုက် အလျောက်ရှိနေတယ်။ နယ်ဈေးကွက်တွေမှာလည်း မတ်ပဲ(သစ်) တွေဈေးကွက်ထဲဝင်ရောက်မှုတွေရှိတယ်။ ဒါပေမယ့် ပြည်ပအဆွဲမ သွက်သေးဘဲ ပြည်တွင်း ကုန်သည်အချင်းချင်းသာ အဝယ်ရှိလို့ပဲဈေး ကွက်အနေနဲ့ လှုပ်လှုပ်ရှားရှားအရောင်းအ ဝယ်ဖြစ်တာ မရှိသေးဘူး လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ လောလောဆယ် ဒိုင်အတွင်း မှာ အရောင်းအဝယ်မဖြစ်ဘဲ ဒိုင်ပြင်ပဈေးကွက်တွင်သာ တစ်တန် ကို ၄၄၀၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။ ဒါ့အပြင် ပြည်တွင်းဈေးကွက်ထဲကို နယ်စုံမှ ပဲစင်းငုံနီ(သစ်) တွေဝင်ရောက်မှုတိုးလာပေ မယ့် ပြည်ပ အဆွဲထင်သလောက် မဆွဲ သေး ဘဲ လှောင်လက်ကုန်သည်တချို့နဲ့ ခွဲစက်များကသာ ဝယ်အား ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်နေ တဲ့ ပေါက်ဈေးကတော့ တစ်တန်ကို ၅၁၅၀၀၀ ကျပ်ဈေးနဲ့ ကုန်စည်ဒိုင် ပြင်ပဈေးကွက် မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက် အတွင်းမှ သိရပါတယ်။
