ဟင်္သာတဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် ဈေးကွက်ထဲ အသစ်ဝင် ရောက်လာတဲ့ မတ်ပဲ(သစ်)တွေအပြင် လက်ကျန်ပဲဟောင်းတွေကို လည်း ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ မတ်ပဲ(သစ်)တစ်ပိဿာကို ၆၈၀ ကျပ်(တစ် တန်ကို ၅၁၆၄၂၅ ကျပ်)၊ မတ်ပဲ(ဟောင်း)က တစ်ပိဿာ ၆၇၀ ကျပ်(တစ်တန်ကို ၄၁၀၃၀၁ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသထွက် ပဲလွန်းဖြူကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၈၈၅ ကျပ် (တစ်တန်ကို ၅၄၁၉၆၅ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၅၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
