ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ရှိ
ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(သစ်) တွေ ပြည်အနီးတစ် ဝိုက်မှ ဈေးကွက်ထဲဝင်ရောက်မှုရှိနေပေမယ့် အဝင်နည်းသေးတာ ကြောင့် လက်ကျန်ပဲဟောင်းကိုသာ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၆၉၀ ကျပ်(တစ် တန်ကို ၄၂၂၅၄၉ ကျပ်)ဈေးနဲ့တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ပဲတီစိမ်း(သစ်)တွေကတော့ ပန်း တောင်းနဲ့ ကံမမြို့နယ်များမှ အဝင်ရှိခဲ့ပြီး မန္တလေးဝယ်လက်က အ ရည်အသွေးအပေါ်မူတည်ပြီး အဝယ်ရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၂၅ ကျပ်(တစ် တန်ကို ၆၈၈၉၃၈ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီဈေးကွက်မှာ ပဲစင်းငုံနီ(ဟောင်း)က ရောင်း လက်တွေထံမှာ ပစ္စည်းလက်ကျန်သိပ်မရှိတော့ဘဲ ပြည်အနီးတစ် ဝိုက်မှ ဈေးကွက်ထဲဝင်ရောက်လာတဲ့ ပဲစင်းငုံနီ(သစ်)ကိုသာ ဈေးဖွင့် ဝယ်ယူမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာ ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ ဈေးကွက်အ ဝင်ရှိသလောက် အဝယ်ရှိခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
