စင်္ကာပူနိုင်ငံသို့ ထိုင်းဆန်တင်သွင်းမှု ကျဆင်းသော်လည်း အိန္ဒိယ၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းမှု မြင့်မားလာ

စင်္ကာပူနိုင်ငံမှ စားသုံးသူများဟာ ထိုင်းဆန်ကို ဝယ်ယူ စားသုံးမှုလျော့နည်းလာကာ ပိုမိုဈေးသက်သာပြီး အရည် အသွေးကောင်းတဲ့ မြန်မာဆန်နဲ့ ဗီယက်နမ်ဆန်ကိုသာ ဝယ်လို အားကောင်းနေတယ်လို့ စင်္ကာပူကုန်သွယ် ရေးနဲ့ စက်မှုဝန် ကြီးဌာန (MTI) ရဲ့ စာရင်းထုတ်ပြန်ချက်များအရ သိရတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကာလ အတွင်း ထိုင်းနိုင်ငံမှဆန်တန်ချိန် ၁၁၅၅၁၄ တန်သာ ဝယ်ယူ သုံးစွဲခဲ့ရာ စုစုပေါင်း တင်သွင်းမှုရဲ့ ၃၅ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရတယ်။ ၂၀၁၁ ခုနှစ်အတွင်းက ထိုင်းဆန်ဝယ်ယူသုံးစွဲမှုဟာ စုစုပေါင်းဆန်တင်သွင်းမှုရဲ့ ၅၀ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ ကြောင်း၊ ၂၀၁၀ ခုနှစ်က တင်သွင်းမှုမှာ စုစုပေါင်းတင်သွင်းမှု ရဲ့ ၅၂ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၉ ခုနှစ်အတွင်း ထိုင်း ဆန်ကို ဝယ်ယူတင်သွင်းမှုက စုစုပေါင်း ဆန်တင်သွင်းမှုရဲ့  ၆၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း  MTI   ရဲ့ စာရင်းများအရ သိရတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်အတွင်း ထိုင်းဆန် ဝယ်ယူတင်သွင်းစားသုံးမှုဟာ အနည်းဆုံး ပမာဏဖြစ်တယ်လို့ MTI  ရဲ့ စာရင်းများအရ သိရတယ်။ ထိုင်းဆန်တင်သွင်းမှု ကျဆင်းသော်လည်း အိန္ဒိယ၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းမှုဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ၉ ဆနီးပါး မြင့် မားလာတယ်။ ထိုင်းဆန်ဈေးနှုန်းများမြင့်မားမှုကြောင့် အခြားနိုင်ငံများမှ ဈေးနှုန်းပိုမိုသက်သာတဲ့ ဆန်ကို ဝယ်ယူတင်သွင်း လာခြင်း ကြောင့် ထိုင်းဆန်ကို ဝယ်လိုအားကျဆင်းခြင်းဖြစ်တယ်။ စင်္ကာပူနိုင်ငံအထွေထွေ ဆန်တင်သွင်းသူများ အသင်း ဥက္ကဋ္ဌ Andrew Tan ရဲ့အဆိုအရ ထိုင်းဆန်အစား အိန္ဒိယ၊ ဗီယက် နမ်နဲ့ မြန်မာဆန်များ ကို ရွေးချယ် ဝယ်ယူ လာမှုက ကမ္ဘာ့ ဆန်ဈေးများကြီးမြင့်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှစတင်ခဲ့တယ်လို့ သိရတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ မှာ ရေကြီး ရေလျှံမှုဖြစ်ခဲ့ချိန် ကလည်း ပြည်ပကို တင်ပို့မှုလျော့ကျခဲ့တဲ့အတွက် ရောင်းလို အားကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ပြည်ပ ဈေးကွက်များရှိ စားသုံးသူများက ဈေးနှုန်းပိုမိုသက်သာတဲ့ အခြားနိုင်ငံများမှ ဆန်များ ကို ရွေးချယ်ဝယ်ယူခဲ့ကြတယ်လို့ Mr.Tanm က ပြောကြားတယ်။ စင်္ကာပူနိုင်ငံမှထောင်ပေါင်းများစွာသော ဆန်အရောင်း ဆိုင်တွေနဲ့ စားသောက်ဆိုင်များကို ဆန်လက် ကား ရောင်းချ သူများရဲ့ အဆိုအရ ၎င်း တို့ တင်သွင်းတဲ့ ဆန်များရဲ့ ၂၀ ရာခိုင်နှုန်းမှာ ဗီယက်နမ်နိုင်ငံ မှဖြစ်ကြောင်း၊ ယင်းပမာဏ ဟာ ၂၀၀၈ ခုနှစ်ကတင်သွင်းမှုထက် ၅ ရာခိုင်နှုန်းပိုမိုလာကြောင်း ပြောကြားခဲ့တယ်။ ယခုအခါ ကမ္ဘောဒီးယားမှ ဆန်ကိုလည်း ဝယ်ယူ တင်သွင်းနေပြီ ဖြစ်ကြောင်း၊ စားသုံးသူများက အသစ်သစ်သော ဆန်တွေကို ပြောင်းလဲစားသုံးလိုစိတ်ရှိ လာကြကြောင်း ဆန်ကုန်သည်များက ပြောကြားတယ်။ လောလောဆယ် စင်္ကာပူမှာ ထိုင်းဟုန်မာလီဆန်မွှေး (အကောင်းစား)က ၁၀ ကီလိုတစ်အိတ်ကို စင်ကာပူ ဒေါ်လာ ၂၄ ဒသမ ၈၀ ကျသင့်သော်လည်း အရည်အသွေးတူ ဗီယက် နမ်စံပယ်မွှေးမှာ စင်ကာပူဒေါ်လာ ၁၅ ဒသမ ၅၀ သာ ကျသင့်တယ်လို့ သိရပါတယ်။                       ပပ