ဇန်နဝါရီနှောင်းပိုင်း အာရှဆန်ဈေးနှုန်းများ အတက်အကျရောထွေးနေ
ဇန်နဝါရီနှောင်းပိုင်းအာရှဆန်ဈေးနှုန်းများ အတက် အကျရောထွေးနေတယ်။ ဗီယက်နမ်ဆန်ဈေးနှုန်းများ ကျ ဆင်းသွားသော်လည်း ထိုင်း၊ အိန္ဒိယနဲ့ ပါကစ္စတန်ဆန် ဈေး နှုန်းများ အနည်းငယ်စီမြင့်မားလာတယ်။ ထိုင်း ဆန်ဈေးနှုန်း မြင့်မားရခြင်းမှာ ထိုင်းဘတ်ငွေတန်ဖိုးမြင့်မားလာခြင်းကြောင့် ဖြစ်တယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ကတော့ ၎င်း တို့ရဲ့ FOB နှုန်းထားကို မြှင့်တင်လိုက်တယ်လို့ သိရတယ်။
ဗီယက်နမ်ဆန်ဈေးကျဆင်းရခြင်းမှာ စပါးသစ်ပေါ်ချိန် ဖြစ်ပြီး ရောင်းလိုအားများခြင်း၊ ပြည်ပမှ ဝယ်လိုအား များစွာ မရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရတယ်။ ပပ
