မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းအရောင်းအဝယ်သွက် မတ်ပဲ၊ ပဲလွန်းဖြူ၊ နှမ်းမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီနဲ့ ပဲတီစိမ်းအရောင်း အဝယ်သွက်ပြီး မတ်ပဲ၊ ပဲလွန်းဖြူနဲ့ နှမ်းမျိုးစုံကတော့ ပုံမှန်အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ဈေးကွက်ထဲဝင်ရောက်မှုတိုး လာတဲ့ ပဲစင်းငုံနီ(သစ်)ကို ရန်ကုန်ဝယ်လက်နဲ့ လှောင်လက်များက ဝယ်လိုအားများ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၈၃ ကျပ်(တစ်တန်ကို ၅၄၀၇၄၀ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၁၅၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ် လု့ိဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံ(ရွှေဘို)စကိုလည်း မြို့ခံပဲခွဲစက်တွေ ကဝယ်လိုအား ပုံမှန်ရှိနေ သလို ရောင်းလက်များကလည်း လက်ရှိ ပေါက်ဈေးနဲ့ အရောင်းများလာတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၇၃၃ ကျပ်(တစ်တန်ကို ၄၄၈၈၈၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကိုတော့ တရုတ်ဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာ ၁၁၉၁ ကျပ် (တစ်တန်ကို ၇၂၉၃၅၆ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲကို ရန်ကုန် ဝယ်လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေ ပေါ်မူ တည်ပြီး အဝယ်ရှိပေမဲ့ ပဲခွဲစက်တွေကတော့ ဝယ်အားပုံမှန်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၃၃ ကျပ် (တစ်တန်ကို ၄၄၈၈၈၂ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၆၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသထွက်ပဲလွန်းဖြူကို တရုတ်ဝယ် အား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၈၅၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၄၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ် လက်နဲ့ ဒေသတွင်း ဆီစက်လုပ်ငန်းရှင်တွေ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၅၁၁ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၄၀၀ ကျပ်၊ နှမ်းနက်စမုံ ၂၈၄၄ ကျပ်၊ နှမ်းညို တစ်ပိဿာ ၂၁၅၆ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံ တစ်ရက်ကိုအိတ် ၄၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။
