ယခုနှစ်ရာသီမှာ ငါးသလောက် အမိအရနည်းနေ

ယခုနှစ်  ငါးသလောက်ရာသီမှာ ဖျာပုံမြို့ ပင်လယ်ငါးဖမ်းရေယာဉ်များ ဟာယခင်နှစ်ထက်  ငါးသလောက် အမိအရ နည်းသွားကြောင်း သိရပါ တယ်။

ယခုလို ငါးအမိအရနည်းသွားရတာ ဟာ ငါးဖမ်းတွဲရေယာဉ်တွေ ပိုများလာ လို့လား၊ ဒါမှမဟုတ် ငါးမျိုးများပြုန်း တီးသွားလို့လား၊ ရာသီဥတုကြောင့်လား လု့ိ ဇာစ်မြစ်ကို သေသေချာချာ မေး ကြည့်တဲ့အခါ "ငါးမျိုးကတော့ မပြုန်း တီးပါဘူး။ ဒါပေမယ့် နည်းနည်းတော့ ရှားသွားတယ်။  ရာသီဥတုကလည်း ကောင်းပါတယ်။ ငါးဖမ်းရေယာဉ်တွေ ကလည်း ပင်လယ်ထဲမှာ တွေ့နေရသ လောက်တော့ ပုံမှန်ပါပဲ။ ဟိုင်းကြီး ငါး ဖမ်းရေယာဉ်တွေ တွေ့ရတာပဲ။ တစ်ခု တော့ရှိတယ်။ ရန်ကုန်ဘက်ကရေယာဉ် တွေက ပိုက်ကွက်စိတ်နဲ့ ဖမ်းပြီး တစ်ခါ တစ်ခါ မိသွားရင် မနည်းဘူး။ ဒီဘက် က ပိုက်တွေက ပိုက်ကွက်ကျဲတယ်ပေါ့။ တချို့လည်း ငါးအုပ်နဲ့တိုးရင် အရပို တယ်။ ဒါပေမယ့် ဒီနှစ်ငါးသလောက် ရာသီမှာတော့ အုပ်နဲ့ကို မတိုးသေးဘူး။ ငါးဖမ်းရေယာဉ်  တော်တော်များများ ကို မတိုးသေးတာ။ မနှစ်က ဒီအချိန် ဆိုရင် ငါးအုပ်နဲ့  နှစ်ကြောလောက် တိုးပြီးပြီ။ အခုမိတဲ့ ငါးသလောက်တွေ ကအကောင်သေးတယ်။ သုံးဆယ်သား လောက်အကောင်   အကြီးဆုံးပဲ။တပေါင်း၊ တန်ခူးလောက်မှ အကောင် ကြီးတွေမိတာ"လို့ ငါးဖမ်းဦးစီး ဦစော ကိုးရေက ပြောပါတယ်။ ဖျာပုံငါးအဝယ်ဒိုင်များရဲ့ ယနေ့ ငါး သလောက်ဖြတ်ဈေးမှာကတော့ တစ် ဆယ့်ငါးကျပ်သားအရွယ်မှ နှစ်ဆယ် ကျပ်သားအရွယ်ထိ  တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေး၊ နှစ်ဆယ်သားအထက် သုံးဆယ်သားအရွယ်အထိ ၂၈၀၀ ကျပ် - ၃၀၀၀ ကျပ်ဈေးဖြတ်ကြောင်း၊ တစ် ပတ်ကို ငါးသလောက် ပိဿာချိန် ၇၀၀ ခန့်သာရရှိကြောင်း၊ မနှစ်က ယခုလို လရာသီမှာ ကုန်ချိန် ၁၅၀၀  - ၂၀၀၀ ခန့်ရှိကြောင်း၊ ငါးအဝယ်ဒိုင် တစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဈေးအရကတော့ မနှစ်က တာထွက် တစ်ပိဿာကို ၁၂၀၀ ကျပ်ခန့်ရှိသော် လည်း ယခုနှစ်မှာ ဈေးအနည်းငယ် ပိုလာတယ်လို့ အခြားအဝယ်ဒိုင်တစ်ခုမှ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။မင်းဇော်မွန်-ဖျာပုံ