Mobile Team ကြောင့် ကုန်ပစ္စည်းသယ်ယူသူများ လမ်းကောင်းကိုရှောင်ပြီး လမ်းဟောင်းများ အသုံးပြုလာ
စားသုံးသူကာကွယ်ရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် မန္တလေး၊ နောင်ချို၊ လားရှိုး လမ်းကြောင်းမှာ Mobile Team အဖွဲ့များ လှုပ်ရှားဆောင်ရွက်နေတာကြောင့် ပို့ကုန်လုပ်ငန်းရှင်အချို့ လမ်းမကြီးများ ကို အသုံးမပြုဘဲ Mobile Team အဖွဲ့လှုပ်ရှားမှုမရှိတဲ့ အခြားလမ်းများကို အသုံးပြုပြီး ကုန်ပစ္စည်းများကို သယ်ယူ ပို့ဆောင်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရွှေညောင်၊ ရပ်စောက်၊ နောင်ချိုလမ်းကို အသုံးပြုပြီး အမဲသားများ၊ မြွေအရှင်များ နဲ့ ဆိတ်အရှင်များ သယ်ယူပို့ဆောင်မှုများရှိကြောင်းကို ရပ်စောက်မြို့နယ်မှ တာဝန်သိပြည်သူတစ်ဦးရဲ့ အသိေ ပး ပြောကြားချက်အရ သိရပြီး အခြားကုန်ပစ္စည်းသယ်ယူမှုများမှာလည်း သတ်မှတ်တန်ချိန်ထက် ကျော်လွန်ပြီး ၁၀ ဘီးကား တစ်စီးကို အစေ့ထုတ်ပြောင်း ပိဿာ ၃၀ ဝင်အိတ် ၄၇၀ အိတ်၊ ၆ ဘီးကားတစ်စီးကို ၃၂၀ အိတ်တင်ဆောင် သွားလာနေမှုများကြောင်း၊ ရပ်စောက်၊ နောင်ချိုလမ်းပိုင်း ယခုထက်ပိုမိုပျက်စီးပြီး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲ ကြန့်ကြာသွားမှာစိုးရိမ်ကြောင်း အဆိုပါဒေသခံပြည်သူက ပြောကြားခဲ့ပါတယ်။ မင်းအောင်-တောင်ကြီး
