ကုန်သွယ်မှုဆောင်ရွက်ရာတွင် အမျိုးသားရေးအမြင်ဖြင့်ပါ ဆောင်ရွက်ရန်လိုအပ်
ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလျာထား ချက်ပြည့်မီရေး၊ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန် ချောမွေ့စေရေး၊ တရားမဝင် မှောင်ခိုစီးဆင်းမှု ပပျောက်ရေးနှင့် ပို့ကုန်/သွင်းကုန် ကုန်သွယ်မှု ပမာဏတိုးတက်ရေးနဲ့ တစ်ဦးတည်း ပိုင်ထုတ်ကုန် သွင်းကုန်လုပ်ငန်းရှင်များဆောင်ရွက်ရမည့် နည်း စနစ်များအား သိရှိနားလည်ပြီး လုပ်ငန်းဆောင် ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ် ချက်များဖြင့် ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးများကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ လစဉ် ကျင်းပပေးလျက်ရှိပါတယ်။
ဇန်နဝါရီ ၃၁ ရက် ၁၃း၀၀ နာရီမှာ မြဝတီ ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာ ကျင်းပ တဲ့ ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ကုန် သွယ်မှုပမာဏ တက်လာရခြင်းဟာ သက်ဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်များ အပိုင်းမှ လမ်းကြောင်း ပေါ်မှ ဆောင်ရွက်လာတဲ့ အနေအထားကြောင့် ဖြစ်ကြောင်း၊ Mobile Team လုပ်တဲ့ရည်ရွယ်ချက် တွင် စားသုံးသူ အကာအကွယ်ပေးေ ရးအတွက် ပါဝင်ပါကြောင်း၊ တစ်ဖက်တွင် စားသုံးသူအကာ အကွယ်ပေးရေးဆောင်ရွက်နေသကဲ့သို့ တစ်ဖက် တွင် တရားမဝင်မှောင်ခိုတားဆီးပြီး လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေရေးအတွက် မိတ်ဖက်ဌာန ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တရားမဝင်လုပ်ငန်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီများ၊ ကုန်သည်များကို အများနည်းတူ လမ်းကြောင်းပေါ်မှသာ တရားဝင်သွားလာဆောင် ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိကုန် သည်များ တစ်ဖက်နိုင်ငံနဲ့ ယှဉ်ပြိုင်ရာတွင် မိမိ နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များမှာ အမျိုးသား ရေးစိတ်ရှိဖို့ လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုဆောင် ရွက်တဲ့အခါမှာ ဒေသရဲ့အခြေအနေအရ အမျိုး သားရေးအမြင်ဖြင့် ပါ ဆောင်ရွက်ပေးကြရန် လို အပ်ပါကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များ ကြုံ တွေ့နေရတဲ့ အခက်အခဲများ၊ အဆင်မပြေမှုများနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် မည်ကဲ့သို့ ဆောင် ရွက်သင့်တယ်ဆိုတဲ့ ပိုမိုကောင်းမွန်အောင် အကြံ ပြုလိုတဲ့အချက်များကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ တစ်ဖက်နိုင်ငံ End Buyer, End User များနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး မိမိပြည်တွင်းသို့ တိုက်ရိုက် Distribution လုပ်နိုင်တဲ့ အဆင့်ထိရောက် အောင် ဆောင်ရွက်ပေးရန်၊ အမယ်သစ်ပစ္စည်း လျှောက်တဲ့အခါ FDA တင်တဲ့ ပစ္စည်းအားလုံး ထိုင်းဘာသာဆိုလျှင် Notary ထောက်ခံချက်နဲ့ အင်္ဂလိပ်ဘာသာပြန်ဆိုပြီး လျှောက်ထားတင်ပြရန်၊FDA ဌာနအနေဖြင့် အင်္ဂလိပ်ဘာသာပြန်ရမဲ့ ကိစ္စနဲ့ လုပ်ထုံးလုပ်နည်းများကို ကြော်ငြာသင် ပုန်းတွင်ကပ်ထားပေးရန်၊ ID ဆောင်ရွက်ရာတွင် အချိန်ကြာမြင့် စွာ စောင့်ဆိုင်းရခြင်းကြောင့် အကောက်ခွန်ဌာနမှ ကျွမ်းကျင် ကွန်ပျူတာဝန် ထမ်းအင်အားနဲ့ ကွန်ပျူတာအ လုံးရေ တိုးပြီး ဆောင်ရွက်ပေးရန်၊ ရေထွက်ကုန်ကဲ့သို့ ကုန် ပစ္စည်းများ ပျက်စီးနိုင်ခြင်းကြောင့် ဂျိုင်းတံတား ဖွင့်လှစ်ချိန် တိုးမြှင့်ပေးနိုင်ရေး အထက်ဌာနသို့ တင်ပြပေးရန်၊ ဈေးနှုန်းကို မှန်မှန်ကန်ကန် သိက္ခာ ရှိရှိဖြင့် အနီးစပ်ဆုံး၊ အမှန်ကန်ဆုံး ဆောင်ရွက် လျှောက်ထားပေးရန်၊ ကုမ္ပဏီလုပ်ငန်းရှင်များ အပိုင်းမှ မှန်မှန်ကန် ကန်နှင့် လုပ်ငန်းဆောင်ရွက် ပြီး ကုန်သွယ်မှုမြှင့်တင်ရေးကို ပူးပေါင်းဆောင် ရွက်ရန်တို့ ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရ ပါတယ်။Source: နကသ (မြဝတီ)အေးအေးမြ
