အောင်လံဈေးကွက်မှာ ပဲစင်းငုံနီဈေးမြင့်ပြီး သိပ္ပံနှမ်းနဲ့ ပဲတီစိမ်းဈေးတန့်
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီက ဈေးကွက်သို့ ဝင်ရောက်မှုတိုးလာသလို ရန်ကုန်ဝယ်လက် နဲ့ လှောင်လက်တွေက လည်း ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်လိုအားပုံမှန်ရှိတာကြောင့် ယ ခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သိပ္ပံနှမ်းကိုတော့ ရန်ကုန်အဆွဲပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိတာကြောင့် ဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၂၈၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဈေးကွက်မှာ အရောင်းအဝယ်သွက်နေတဲ့ ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ မန္တလေး-ရန်ကုန်အဆွဲ အနည်းငယ် ပြန်လျော့သွား တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာ ၁၂၀၀ ကျပ်(တစ်တန်ကို ၇၃၄၈၆၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
