တောင်ကြီးဈေးကွက်မှာ ပြောင်းဈေးမြင့်လာပေမယ့် အရောင်းအဝယ်ဖြစ်မှု လျော့လာ

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်  ပြောင်းကို ရန်ကုန်၊ မန္တလေးဝယ်လက်က တရုတ်နှစ်သစ်ကူးပွဲတော်အပြီးမှာ အဝယ်ပြန် အေးသွားေ ပမယ့် ဈေးကတော့ အမြင့်မှာရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အ တွင်း ပိဿာချိန် ၁၇၀၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်း ကုန်သည်တစ်ဦး ကဆိုပါတယ်။ ဒေသထွက်ပန်းနှမ်းကိုတော့ ဒေသ တွင်းဆီကြိတ်လုပ်ငန်းရှင်တွေက ဝယ်အားပုံမှန်ရှိနေတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၅၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။