ပြည်ဈေးကွက်မှာ ပဲစင်းငုံနီဈေးစွာပြီး ပဲတီစိမ်းဈေးတန့်

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် နဲ့ လှောင်လက်တွေက ဝယ်အားလိုက်လာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်မြင့်လာကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခင် အပတ်တွေက အရောင်းအဝယ်သွက်ခဲ့တဲ့ ပဲတီစိမ်းကတော့ ဒီတစ် ပတ်မှာ ရန်ကုန်-မန္တလေးအဆွဲအေးသွား တာကြောင့် ဈေးလည်းအေး ပြီး အရောင်းအဝယ်ဖြစ်မှုပမာဏတွေလည်း လျော့ကျခဲ့တယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၂၅ ကျပ်(တစ်တန် ကို ၆၈၈၉၃၈ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၁၀၀၀ ခန့်သာဖြစ် ခဲ့တယ်လု့ိ သိရပါတယ်။