ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီး အရောင်းအဝယ် ပုံမှန်ဖြစ်
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီက ဈေးကွက်သို့ဝင် ရောက်မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင် လက်တွေက လည်း ဝယ်လိုအား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲအသစ်ဝင်လာတဲ့ ကု လားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေက အရည် အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၄၇ ကျပ်(တစ်တန်ကို ၅၁၈၆၉၄ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။
