ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ ဈေးမြောက်လာ
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC) နဲ့ ပဲစင်း ငုံနီ (RC) ကို အိန္ဒိယအဆွဲပြန်လိုက်လာ သလို ရောင်းလက် များက လည်း တက်ဈေးမှာ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြောက်လာတယ် လို့ ကုန်စည်ဈေး ကွက်မှ သိရပါတယ်။ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲဈေး မြင့်လာတဲ့အပေါ် အိတ်စပို့ ဝယ်လက်တွေ က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများတာကြောင့် ယခင်အပတ်နဲ့စာရင် တစ်တန်ကို ကျပ် ၃၀၀၀၀ ကျပ်ခန့်ဈေးမြင့်လာ တယ်လို့ သိရပါတယ်။ ဒိုင်ပြင်ပဈေးကွက်မှာ လတ်တလောအရောင်း အဝယ်ဖြစ်နေတဲ့ပေါက်ဈေး ကတော့ တစ်တန်ကို ၄၆၀၀၀၀ ကျပ်နဲ့ ကွန်တိန်နာ ၁၀ ပုံးခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိခဲ့တဲ့ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက် တွေက ဒီတစ်ပတ်မှာ ဝယ်လို အားမြင့်လာ တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးသိသာစွာမြင့်လာပြီး တစ်တန်ကို ၆၀၀၀၀၀ ကျပ်ဈေးနဲ့ အရောင်းအ ဝယ်ဖြစ်မှုများခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို အိတ်စ ပို့ဝယ်လက်တွေက ဒီရက်ပိုင်း မှာ ဈေးကွက်အတွင်း အပြိုင်အဆိုင် ဝယ်ယူမှုတွေရှိပေမယ့် ရောင်းလက်တွေက ဈေးကွက်မျှော်လင့်ချက် နဲ့အရောင်း ထိန်းထားတာေ ကြာင့် ဈေးကွက်မှာ လိုသလောက်ပစ္စည်း မရဘဲဖြစ်နေတယ်။ သဘောကတော့ ဝယ်သူဈေး ကွက်မဟုတ် ဘဲ ရောင်းသူဈေးကွက်ဖြစ်နေတယ်လို့ ပဲကုန်သည်ကြီးတစ်ဦးက ဆိုပါ တယ်။
