အောင်လံဈေးကွက်မှာ ပဲစင်းငုံနီ အရောင်းအဝယ်သွက်ပြီး ပဲတီစိမ်းပုံမှန် အရောင်းအဝယ်ဖြစ်
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန် အဆွဲ သွက်လာတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာကို ၁၀၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ ဒါ့အပြင် ဒေသတွင်းပဲတီစိမ်း ကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၁၀၀ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
