ဓာတ်မြေသြဇာဈေးနှုန်းများ (25-2-13)

သြဂဲနစ်မြေသြဇာတစ်မျိုးသာအဝင်ရှိဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အတွင်းမှာ ကန်ဒေါ်လာ ၄၂၅၂၅ တန်ဖိုးရှိ မြေသြဇာ ၃၁၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ မြေသြဇာက စင်ကာပူနိုင်ငံမှ သြဂဲနစ်မြေသြဇာ တစ်မျိုးသာ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် နှစ်ထောင်ကျော်အဝင်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင့်ရှစ်ရာကျော် အဝင်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)

 
မြိတ်ဒေသရှိ ရော်ဘာခြံများအတွက် ဓာတ်မြေသြဇာတင်သွင်းမြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းလာတဲ့ ဓာတ်မြေသြဇာများကို မြိတ်မြို့မြောက် ပိုင်းပုလောမြို့နယ်သဲပုံကျေးရွာမှာ ရော်ဘာခြံ စိုက်ပျိုးရေးလုပ်ငန်းများတွင် သုံးစွဲရန်အတွက်မှာယူ တာဖြ စ်ကြောင်း မြိတ်နယ်စပ် ကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။ တင်သွင်းတဲ့ ဓာတ်မြေသြဇာ အမျိုးအစား ကတော့ အမိုးနီးယမ်းဆာလဖိတ်ဖြစ်ပြီး  ဒေသပေါက်ဈေးမှာ တစ်အိတ်လျှင် ၂၁၀၀၀ ကျပ်ရှိကြောင်း သိရပါတယ်။ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ၁ ဒသမ ၈၁၉ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၉၀၉၆ တန်ခန့် တင်သွင်း ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၈၇၁၅ တန်ကျော်၊ ကော့သောင်းမှ ၅၂ တန်၊ မြိတ်မှ ၁၀ တန်၊ မြဝတီမှ ၃၅ တန်နဲ့ ရိဒ်မှ ၂၈၃ တန် ကျော် အသီးသီးဖြစ်ပါတယ်။                                 ဆွေဆွေဝင်း
ပုံမှန်လေးပဲ ဈေးကွက်ရှိနေဆဲ ဓာတ်မြေသြဇာယခုသီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှမြေသြဇာအဝင်က  ယခင်တစ် ပတ်ထက် တန်ချိန်တစ်ထောင့်ရှစ် ရာကျော်လျော့နည်းခဲ့သလို နယ်စပ်မှ ဒီတစ် ပတ် အဝင်တန်ချိန် ခြောက်ထောင်ေ ကျာ် လျော့ခဲ့တယ်လို့သိရပါ တယ်။ ဒီတစ်ပတ် မြေသြဇာဈေးမှာ အနည်းငယ်မြင့်တယ်လို့ သိရပါတယ်။ ဒီလိုဈေးမြင့်ရတာကလည်း တရုတ်ေ ငွဈေး တက်တာကြောင့်လို့ ဆိုပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မန္တလေး၊ တောင်ကြီး၊မကွေး ဈေးကွက် တွေမှာ မြေသြဇာဈေး အနည်း ငယ်မြင့်နေသလို မော်လမြိုင်၊ ပဲခူး၊ရန်ကုန် ဈေးကွက်မှာတော့ ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေတယ်လို့ သိရပါတယ်။    မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာ အရောင်းအဝယ် အေးနေတယ် လို့ ဆိုပါတယ်။ ဒီဘက် မှာ နွေစပါးစိုက်ပျိုးမှုကလည်း နည်းသွားတယ်။ စိုက်တဲ့ ဒေသတွေကပဲ အဝယ်ရှိတာကြောင့် အရောင်း အဝယ် ရှိတော့ရှိတယ်။ ဒါပေမဲ့ အေးတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အေးပေမဲ့ မြေသြဇာဈေးက နည်းနည်း တက်တယ်။ ဒီလိုဈေးတက်တာကလည်း တရုတ်ငွေဈေး တက်တာကြောင့်လို့ ဆိုပါ တယ်။ ဈေးတက်တာက ယခင်ဈေးထက် နှစ်ရာမှ ငါးရာကျပ် အတွင်းသာ ဈေးတက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၇၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၆၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ် ) ၁၈၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၄၀၀ ကျပ်၊  တီစူပါ (GSSP ၁၂%-တရုတ်) ၆၈၀၀ ကျပ်၊  အာမို ၁၅း၁၅း၁၅း (တရုတ်) ၃၅၅၀၀ ကျပ် အာမို ၁၀း၁၀း၅ ၁၂၄၀၀ ကျပ် ဈေးရှိတယ်လို့ ၈၅-၈၆ ကြား ပွဲရုံတန်းမှာရှိတဲ့  စိုက်ပျိုးရေးအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ လည်း အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ ဒီအချိန် က မြေသြဇာအသုံးနည်းတဲ့  အချိန်လည်းဖြစ်တာကြောင့် ရောင်းအားလည်း ကျလာတယ်။ မိုးနည်းနည်း လိုက်လာမှပဲ အဝယ်ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒီတစ်ပတ် မြေသြဇာ ဈေးက နည်းနည်းမြင့် လာပါတယ်။ ဈေးမြင့်လာတဲ့ မြေသြဇာ တွေက ယူရီးယား-ပုလဲ ၅၀၀ ကျပ်၊ တီစူပါ ၅၀၀ကျပ်၊ တီစူပါ ၁၀း၁၀း၅ ၁၀၀၀ ကျပ်ဖြစ်ပြီး ဈေးကျလာတဲ့ မြေသြဇာက ပိုတက်ဖြစ်ပြီး ၅၀၀ ကျပ်ဈေး ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးမှာ ယူရီးယား(ကမ္ဘာလုံး) (တရုတ်)၊ ယူရီးယား (ရွှေတောင်)နဲ့ ယူရီးယား (ပန်းဖူး)တို့က ၁၉၅၀၀ ကျပ်၊ တီစူပါ ၁၂%-တရုတ် ၈၀၀၀ ကျပ်၊ တီစူပါ၁၆% (တရုတ်) ၈၅၀၀ကျပ်၊ ပိုတက်(တရုတ်) ၂၄၀၀၀ကျပ်၊ တီစူပါ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၃၀၀၀ကျပ်၊ မြားကမ္ဘာ ၁၃၅၀၀ ကျပ်ဈေးရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရ ပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာက အရောင်း အေးနေတယ်လို့ သိရပါတယ်။ ဒီအချိန်က မြေသြဇာအသုံး လည်းနည်းတာကြောင့် အရောင်းလည်းပါးတယ်။ အရောင်း ပါးတာကြောင့် ဈေးကလည်းဒီတစ်ပတ်မှာ ဆက်တိုက်ဆိုသ လို ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မြားကမ္ဘာ၊ အာမို၊ ယူရီးယားစ တဲ့ မြေသြဇာဈေးတွေက  ကျလာပြီး ပိုတက်က ဈေးအနည်းငယ်မြင့်လာပါတယ်။ ဈေး မြင့်လာတာ ကလည်း ငါးရာဝန်းကျင်ဖြစ်ပါတယ်။ ဒီတစ်ပတ် စိုက်ပျိုးရေး ပွဲရုံတန်းမှာ အရောင်းအဝယ်ဖြစ်တဲ့ မြေသြဇာဈေးက ယူရီး ယား-ပုလဲ (ရွှေတောင်-တရုတ်)၊ ယူရီးယား (ပန်းဖူး-တရုတ်) နဲ့ တီစူပါ (ွှဏ) တို့က ၁၉၅၀၀ ကျပ်၊  မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း) (အပြာ) နဲ့ ဆင် ၁၀း၁၀း၅ (တရုတ်)တို့က ၁၃၂၀၀  ကျပ်၊ အာမို ၁၀း၁၀း၅ ၁၄၂၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၃၃၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၆၀၀၀ ကျပ်၊ ပိုတက်  ၂၅၀၀၀ ကျပ်၊ တောင်သူမ ၁၃၂၀၀ ကျပ် ဖြစ်တယ်လို့  စုံစမ်းသိရှိရ ပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်အေး တယ်လို့ မြေသြဇာရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြော ပါတယ်။ အရောင်းအဝယ် အေးတာကြောင့် မြေသြဇာဈေးက လည်း အကျဘက်မှာရှိနေတယ်။ အခုအချိန်က သီးနှံစိုက်ပျိုး အားနည်းတာကြောင့် အရောင်းအဝယ်က အေးရတာ ဖြစ် တယ်လို့ သိရပါတယ်။ မြေသြဇာဈေးက ယခင်တစ်ပတ်ဈေး ထက် တစ်အိတ်ကို နှစ်ရာမှ ငါးရာကျပ်အတွင်း ဈေးကျလာပါ တယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား (ပန်းဖူး) ၂၀၃၀၀ ကျပ်၊ ရွှေတောင် (တရုတ်) ၁၉၅၀၀ကျပ်နဲ့ ကမ္ဘာလုံး (တရုတ်) ၂၀၀၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                      MIRT (DOT)