ပြည်ဈေးကွက်မှာ ပဲစင်းငုံနီနဲ့ မတ်ပဲ ဈေးစွာလာ

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို လှောင်လက်နဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါသွက်လာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အ ပြင် မတ်ပဲကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့ အပေါ် ဈေးပေး အဝယ်ရှိတာ ကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၄၀ ကျပ်(တစ်တန်ကို ၄၅၃၁၆၈ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။