တန့်ဆည်ပြောင်း မုံရွာဈေးကွက်ဝင်ရောက်လာ(ပြောင်း)

တန့်ဆည်ပြောင်း မုံရွာဈေးကွက်ဝင်ရောက်လာ           ၂ဝ၁ဝ-၂ဝ၁၁ ထွက်ပေါ်လာတဲ့ မိုးပြောင်းများ မုံရွာဈေးကွက်ကို ဝင် ရောက်လာပြီဖြစ်ပါတယ်။ ထွက်ပေါ်စဖြစ်လို့ အရည် အသွေးကောင်းသော်လည်း အစိုဓါတ် ၁၆ ရာခိုင်နှုန်း၊ ၁၇ ရာခိုင်နှုန်းခန့် ရှိနေတဲ့အတွက် သိုလှောင်ရန် မသင့် သေးကြောင်း သိရ ပါတယ်။ နယ်ဈေးတစ်တင်း ၄၅ဝဝ ကျပ်ရှိပြီး၊ မုံရွာဈေးကွက်မှာ တော့ တစ်တင်း ၅၅ဝဝ ကျပ်ဈေးရှိနေပြီး အဝင်ပါးသေးကာ နေ့စဉ် အိတ် ၅ဝ ခန့်သာ ဝင်ရောက်သေးကြောင်း သိရပါတယ်။     အသစ်ပေါ်ပြီဖြစ်လို့ အဟောင်းဈေးလည်း ကျဆင်းလာပြီး အဟောင်း (တစ်တင်း ) ၆၂ဝဝ ကျပ်၊ အသစ်တစ်တင်း ၅၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။                                                                                                                        အောင်မင်း