အစိုးရအချင်းချင်းကုန်သွယ်မှုဖြင့် ဆန်တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ရန် ထိုင်းနိုင်ငံ မျှော်မှန်း

ထိုင်းဆန်ဈေးနှုန်းနဲ့ ဆန်ထုတ်လုပ်မှုတို့ကြောင့် ယခုနှစ် ပြည်ပဆန်တင်ပို့မှု ထင်သလောက်မရရှိနိုင်ဆိုတဲ့ သံသယများ ပုဂ္ဂလိကလုပ်ငန်းရှင်များကြားမှာ ဖြစ်ပေါ်နေပြီး ထိုင်းအစိုးရက အစိုးရချင်းသဘောတူညီမှုစာချုပ် အရ ဆန်တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ရောင်းချဖို့ မျှော်မှန်းခဲ့ပါတယ်။ အစိုးရမှ ဆန် လက်ကျန် အရှုံးခံ ရောင်းချပါ က မျှော်မှန်းချက် ပြည့်မီနိုင် ကြောင်း Ponglarp Co.,Ltd   မှ ဆန်တင်ပို့သူများ ဥက္ကဋ္ဌ Kitireanglarp မှ ပြောကြား ခဲ့ပါတယ်။ ကမ္ဘာ့ဆန်ထုတ် လုပ်မှု မြင့်တက်မှုနဲ့ ထိုင်းဆန်ဈေးမြင့်မားမှုကြောင့် အစိုးရရဲ့ ဆန်လက်ကျန်များ အကျိုး အမြတ်ရရှိဖို့ ရောင်းချလို့ မဖြစ်နိုင် ကြောင်း ၎င်း ကပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ၅ မှတ်ဆန်ဖြူဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၅၉၀ ရှိနေချိန်မှာ ဗီယက်နမ်ဆန်ဈေးမှာ တစ်တန် ကန်ဒေါ်လာ ၃၉၀-၄၀၀ ရှိပါတယ်။ ထိုင်းအစိုးရက ယခင်နှစ်က G2G အရ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းရောင်း ချခဲ့ပါတယ်။ ယခုနှစ်အတွင်း အိုင်ဗရီကို့စ်နိုင်ငံကို ဆန်တန်ချိန် ၃၈၀၀၀ အပါအဝင် ဆန်တန်ချိန် ၂ ဒသမ ၅ သန်းရောင်းချ ရဖို့ ထိုင်းအစိုးရမှ စီစဉ်လျက်ရှိကြောင်း ထိုင်းနိုင်ငံ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ပြောကြား ခဲ့ပါတယ်။ ယခုနှစ်အစော ပိုင်းမှာအစိုးရအနေနဲ့စီးပွား/ကူးသန်းဝန်ကြီးက Boonsong  ကကြေညာခဲ့တဲ့ ဆန်တန်ချိန် ၇ ဒသမ ၃၃ သန်းအစား တန်ချိန် ၇ သန်း ရောင်းချသွားမှာဖြစ်ကြောင်း ဝန်ကြီးဌာနမှ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အင်ဒို နီးရှား၊ဖိလစ်ပိုင်၊ တရုတ်နဲ့ အိုင်ဗရီကို့စ်နိုင်ငံတွေနဲ့ G2G အရ ဆန်တင်ပို့ဖို့စာချုပ် ၆ခု ချုပ်ဆိုခဲ့ကြောင်း Mr.Boonsong  မှပြောကြားခဲ့ပါတယ်။ တိုဂို၊ ဂါနီယာ၊ ကင်မရွန်းနဲ့ ချက်အပါ အဝင် အာဖရိက နိုင်ငံများမှလည်း ထိုင်းဆန်ကို စိတ်ဝင်စား လျက်ရှိကြောင်း ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။ တိုဂိုနိုင်ငံ က တစ်နှစ်ကို ထိုင်းဆန်တန်ချိန် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ တင်သွင်းလျက်ရှိပါတယ်။ တရုတ်နိုင်ငံပြီးရင် ထိုင်းဆန် ကို အများဆုံးဝယ်ယူတဲ့နိုင်ငံများမှာ အာဖရိကနိုင်ငံများဖြစ်ပါ တယ်။ ထိုင်းနိုင်ငံဟာ ယခင်နှစ်က အာဖရိကနိုင်ငံကို ဆန် တန်ချိန် ၃ ဒသမ ၅၇ သန်းတင်ပို့ခဲ့ပါတယ်။  နှင်းပန်းဖြူ