၂၀၁၂-၁၃ ဘဏ္ဍာနှစ်ပထမနှစ်ဝက်အတွင်းဆန်တန်ချိန်၁ဒသမ၄သန်းပါကစ္စတန် တင်ပို့
ပါကစ္စတန်နိုင်ငံရဲ့ စုစုပေါင်း ဆန်တင်ပို့မှုဟာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမနှစ်ဝက်မှာ ဆန်တန်ချိန် ၁ ဒသမ ၄၄ သန်းရှိခဲ့ပြီး ၎င်း တင်ပို့မှုမှာ ၂၀၁၂ ဇူလိုင်လမှ စတင် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ဆန် တန်ချိန် ၃ ဒသမ ၂၇ သန်းဝန်းကျင်တင်ပို့ခဲ့ပြီး ယခုနှစ်မှာ တော့ ဆန်တန်ချိန် ၄ သန်းတင်ပို့ရန် ရည်မှန်းထား ကြောင်း သိရပါတယ်။ ၂၀၁၂-၂၀၁၃ အတွင်း ပါကစ္စတန်နိုင်ငံ ဆန် တင်ပို့မှု ကျဆင်းရခြင်းမှာ အိန္ဒိယနဲ့ ဈေးကွက်ယှဉ် ပြိုင်ခြင်း၊ ဆန်ဈေးနှုန်းများ မြင့်မားခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ပါ ကစ္စတန်နိုင်ငံဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တစ်နှစ်လုံး ဘာစမာတီဆန်တင်ပို့မှုတန်ချိန် ဆယ်သိန်းနီးပါးရှိခဲ့ပြီး ၂၀၁၂ ဇူလိုင်မှ ဒီဇင်ဘာလအတွင်း တင်ပို့မှုမှာ ၂၃၉၇၆၅ တန်ရှိခဲ့ပါ တယ်။ ပါကစ္စတန်နိုင်ငံက ယခုနှစ်မှာ အီရန်၊ ဗြိတိန်၊ ယူ အေအီးနဲ့ အခြားတိုင်းပြည်များသို့ ဘာစမာတီ ဆန်တင်ပို့မှု ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့အဓိကယှဉ်ပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယ နိုင်ငံမှာ ပြည်တွင်းဆန်ဈေးနှုန်းတွေ မြင့်တက်တာကြောင့် မကြာခင်မှာ နာလန်ပြန်ထူနိုင်မယ်လို့ ဆန်တင်ပို့သူများက မျှော်လင့်ပါတယ်။ ယခုအချိန်မှာ ပါကစ္စတန်နိုင်ငံ ရဲ့စုစုပေါင်း ဘာစမာတီဆန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၂ သန်းဝန်းကျင်မှာရှိနေပါတယ်။
ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြောင့် ဘာစမာတီဆန် မဟုတ်တဲ့ ဆန်တင်ပို့မှုမှာ ယှဉ်ပြိုင်မှု အားကောင်းလျက်ရှိပါတယ်။ ယခုဘဏ္ဍာနှစ် ပထမနှစ်ဝက် မှာ ဘာစမာတီဆန်မဟုတ်တဲ့ ဆန်တင်ပို့မှုတန်ချိန် ၁ ဒသမ ၂ သန်းဝန်းကျင်ရှိခဲ့ပါတယ်။ ကင်ညာနိုင်ငံဟာ ပါကစ္စတန် နိုင်ငံမှ ဘာစမာတီဆန်မဟုတ်တဲ့ ဆန်တန်ချိန် ၁၄၀၂၈၇ ခန့်ဝယ်ယူခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ စုစုပေါင်း ဘာစမာတီ ဆန်မဟုတ်တဲ့ ဆန်တင်ပို့မှုတန်ဖိုး ကန် ဒေါ်လာ ၅၂၀ သန်း ရှိခဲ့ပါတယ်။နှင်းပန်းဖြူ
